ချယ်လ်ဆီးစတား အီဒင် ဟာဇတ် ဟာ လာမည့်ရာသီမှာ ချယ်လ်ဆီးအသင်းမှာပဲ ဆက်နေသွားမယ်လို့ သူ့ရဲ့ အရင်းအနှီးဆုံးသငယ်ချင်းတွေကိုပြောခဲ့တယ်လို့သိရပါတယ်။

ချယ်လ်ဆီးကြယ်ပွင့်ဟာ ယခုရာသီမှာ ချယ်လ်ဆီး အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေပြီး ၃၁ ပွဲမှာ ၁၁ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ပီအက်ဖ်အေ အကောင်းဆုံးကစားသမားဆု ဒုတိယအကြိမ်မြောက်ရရှိရန်လည်း တစ်ပြေးလျက်ရှိနေပါတယ်။

ရီးရဲမက်ဒရစ် အသင်းကလည်း ဘယ်လ်ဂျီယံကစားသမားရဲ့ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ကို စောင့်ကြည့်နေပြီး ခေါ်ယူသွားလိုနေတယ်လို့သိရပါတယ်။

တယ်လ်လီဂရပ် သတင်းရဲ့အဆိုအရ ဟာဇတ် ဟာ ၂၀၁၇/၁၈ ရာသီမှာလည်း ချယ်လ်ဆီးအသင်းမှာ ပဲသေချာပေါက်ဆက်ကစားသွားမှာလို့ သူ့ရဲ့သူငယ်ချင်းတွေကို ပြောကြားခဲ့ကြောင်းပြောကြားခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုရာသီမှာ ကွန်တီရဲ့လက်အောက်မှာအကောင်းဆုံးပုံစံနဲ့ ပရီးမီးယားလိဂ် ကို ဦးဆောင်နေပြီး အသင်းနဲ့အတူ အကောင်းဆုံးစွမ်းဆောင်နေတဲ့ ဟာဇတ် ကို ချယ်လ်ဆီးအသင်းကလည်း စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းသွားဖို့အဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။