မန္တေား ကန်တော်ကြီး Water Park တွင် ရည်းစားစောင်းက ဓားဖြင့်လာထိုးသဖြင့် ၁၈နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးရှိ Water Park တွင် မတ်(၂၅)ရက် မွန်းလွဲပိုင်းက အသက် ၁၈ နှစ်အရွယ် မိန်းကလေးတဦး ဓားထိုးခံရ၍ သေဆုံးသွားခဲ့ရကြောင်း သတင်းရသည်။ မတ်လ(၈)ရက်က ဖွင့်လှစ်ခဲ့သည့် Water Park သို့ မန္တလေး မဟာအောင်မြေမြို့နယ် အရှေ့ပတ္တာရပ်ကွက် အကွက်အမှတ်(၄၁၇)တွင်နေထိုင်သည့် အသက်၁၈ နှစ်အရွယ် မကစ်ကစ်(ခ)သင်္ကြန်မိုးသည် တူမဖြစ်သူနှင့်အတူ လာရောက်လည်ပတ်စဉ် ၎င်း၏ ရည်းစားဟောင်းဖြစ်သူ အောင်မျိုးသိန်းရောက်ရှိလာပြီး စကားပြောစရာရှိသဖြင့် ခဏလိုက်ခဲ့ရန် ခေါ်ဆောင်သွားကာ အုတ်တံတိုင်းဘေးအရောက်တွင် တယောက်တခွန်း စကားများကြရာမှ အောင်မျိုးသိန်းက မကစ်ကစ်(ခ)သင်္ကြန်မိုးအား အသင့်ပါလာသောဓားဖြင့်ထိုးခဲ့သည်။ ဓားထိုးမှုကြောင့် မသင်္ကြန်မိုး၏ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ တချက်၊ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ သုံးချက်နှင့် လက်မောင်းတွင် ပြက်ရှဒဏ်ရာ တချက်တို့ရရှိခဲ့ပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀)နယ်မြေ ရဲစခန်းမှ (ပ)၁၁၀/၂၀၁၇။ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။