ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးမှ လူမင်း အနားယူတော့မှာဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုကနေ ရေးသားဖော်ပြခဲ့ပါတယ်။ ရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲကို ရုပ်ရှင်လောကသားများ စိတ်ဝင်စားမှုနည်းပါးနေခြင်းကြောင်း ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် မဲပေးသည့်အရေအတွက်ကို ကြည့်လျှင်သိနိုင်ကြောင်းကို လူမင်းကနေ ပြောကြားခဲ့ပါတယ်။ 

‘‘တချို့လောကသားတွေရဲ့ ပြောစကားအရ ကျွန်တော်ကြား သိရပါတယ်။ မကျေနပ်တဲ့အပေါ်မှာ ငါတို့ရွေးချယ်တာမဟုတ်ဘူး။ မဲပေးတဲ့အထဲ ငါတို့ပါတာမဟုတ်ဘူးဆိုတဲ့အသံ နားနဲ့ဆတ်ဆတ် အကြိမ်ကြိမ်ကြားခဲ့ဖူးပါတယ်။ ဒီလိုပြောရမယ်ဆိုရင် မဲပေးဖို့ ပျက်ကွက်သူမှာလည်း တာဝန်မကင်းဘူးလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်’’

၂၀၁၃က ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်းမှာ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌရာထူးမှ ရုတ်တရက်နုတ်ထွက်ခဲ့ပြီး ရုပ်ရှင်အစည်းအရုံးနာယကများနှင့် EC အဖွဲ့ဝင်များက သရုပ်ဆောင်လူမင်းကို ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခဲ့ပာတယ်။ ဒါ့အပြင် ပြီးခဲ့သည့် ရုပ်ရှင်ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌရာထူးအတွက် အဆိုပြုသူမရှိတာကြောင့် လူမင်းက ပြန်လည်ရွေးချယ်ခံခဲ့သဖြင့် ဥက္ကဋ္ဌအဖြစ် ထပ်မံတာဝန်ထမ်းဆောင်ခဲ့ပာတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက အစည်းအရုံး၌ အချိန်ပြည့်တာဝန်မထမ်းဆောင်နိုင်သောကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူမင်းက ဥက္ကဋ္ဌရာထူူးမှ နုတ်ထွက်ခွင့်ပြုရန်အစည်းအရုံးသို့ စာတင်ခဲ့ရာ ရုပ်ရှင်အစည်းအရုံးနာယကများနှင့် ECအဖွဲ့ဝင်များက ရွေး ကောက်ပွဲထပ်မံပြုလုပ်ပြီးချိန်မှ သာ နုတ်ထွက်ရန်မေတ္တာရပ်ခံခဲ့ကြောင်း သိရပါတယ်။

Source : 7days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။