အာရှတိုက်မှာ တည်ရှိပြီး လူဦးရေအနည်းငယ်သာရှိတဲ့ ဘူတန်နိုင်ငံဟာဆိုလျှင် လွန်ခဲ့တဲ့ ငါးနှစ်ကထက်စာလျှင် အိပ်ရေး၀၀ အိပ်စက်လာနိုင်ကြရပြီး ၊ ပိုပြီးလည်းပျော်ရွှင်လာကြတယ်လို့ သိရပါတယ်။ ဘူတန်နိုင်ငံဟာ တရုတ်နှင့် အိန္ဒိယနိုင်ငံအကြားတွင်တည်ရှိပြီး ဗုဒ္ဒဘာသာဝင်အများစု နေထိုင်ကြပါတယ်။ နိုင်ငံသားများ ကိုပျော်ရွှင်မှု ညွှန်းကိန်း (Gross National Happiness) ကိုဘူတန်နိုင်ငံဟာ ၂၀၁၀ ခုနှစ်တွင် စတင် အသုံးပြုခဲ့ပါတယ်။ 

GNHဆိုတာ ပြည်သူတစ်ဦးချင်း အပန်းဖြေချိန် ရရှိနှုန်းမှသည် နိုင်ငံ၌ သစ်ပင်သစ်တော လျော့ခြင်း တိုးခြင်းကြောင့် ပြည်သူများ၏ စိတ်ခံစားမှုအပေါ် သက်ရောက်နှုန်းမျိုးကိုပါ တိုင်းတာပြီး စစ်တမ်း ကောက်ခံတာပဲ ဖြစ်ပါတယ်။ ပြည်သူများတွင် ဖြစ်သည့် ဒေါသစိတ်၊ မနာလိုစိတ် များကိုလည်း အကဲဖြတ် စစ်တမ်း ကောက်ခံတာပဲဖြစ်ပါတယ်။ ဘူတန်သည် ၂၀၁၀ ခုနှစ်တုန်းက တစ်နိုင်ငံလုံး GNH ညွှန်းကိန်း (ဝ ဒသမ ၇၄၃) ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် (ဝ ဒသမ ၇၅၆) ရှိလာပါတယ်။ 

၁၉၆၀ ဝန်းကျင် နှစ်ပိုင်းများအထိ ဟိမဝန္တာ တောင်တန်းများ ပေါ်တွင် ငွေကြေးစနစ်မရှိ၊ တယ်လီဖုန်းမရှိ၊ စာသင်ကျောင်းမရှိ၊ ဆေးရုံမရှိ၊ ပြည်သူ့ဝန်ဆောင်မှု စနစ်မရှိဘဲ အထီးတည်း နေထိုင်ခဲ့တဲ့ ဘူတန်ဟာ ယခုထိတိုင် ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၏ ၂၀ဝ၆-၂၀၁၄ စာရင်းများ အရလည်း ဘူတန်သည် တောင်အာရှတစ်ခွင်တွင် အပျော်ရွှင်ဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခံခဲ့ရပါသေးတယ်။ 

Source : Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။