ဆယ်လီတွေထဲကျော်ကြားတဲ့ စုံတွဲဖြစ်တဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ကတော့

ချစ်သက်တမ်းကြာနေပြီဖြစ်သလို တစ်ဦးနှင့်တစ်ဦး နားလည်မှုတွေအပြည့်နဲ့

လက်တွဲထားတဲ့ ချစ်သူတွေပါ ။ ပျော်တတ်ပုံရတဲ့ မင်းသမီးလေးက ချစ်သူကို

လူအများရှေ ့မှာ စနောက်လိုက်ပါတယ် ။ Channel 7 က challenge game

ဆော့ကြတဲ့အခါ မင်းသမီးလေးက နိုင်သွားပါတယ်တဲ့ ။ အဲဒီအတွက် သူ့ချစ်သူကောင်းပြည့်ကို

မျောက်က ကခိုင်းလိုက်တာပါ ... ။ ချစ်သူကိုစနောက်ပြီးပျော်နေတဲ့ မင်းသမီးလေးက

"channel 7 က challenge game သွား ဆော့တာ ?

ကိုယ်နိုင်သွားတယ်လေ?

သူ့ကိုမျောက်က ကခိုင်းလိုက်တယ်??" တဲ့ ။

ကောင်းပြည့် မျောက်က ကနေတဲ့ပုံကို မြင်ယောင်ကြည့်တာတော့ တော်တော်ရယ်ရမှာပါ ။

ချစ်သူကို ဆေးထိုးကြမ်းတဲ့ ပျော်တတ်တဲ့ မင်းသမီးလေးပါပဲ ...

Source: Thandar Bo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။