မြန်မာပြည်ဦးသိန်းတန်ဆိုရင် သူ့ရဲ့ ဝတ်စားဆင်ယင်မှုအပြင် ဇနီးကိုပါလွန်စွာချစ်တတ်လွန်းသူအဖြစ်

တန်းပြီးမြင်ယောင်မိကြမှာပါ ။ ဂီတလောကမှာကျင်လည်လာတဲ့နှစ်ကလည်း မနည်းသလို စကားပြောဆိုရာမှာလဲဆရာကြီးတစ်ဆူပါပဲ ။

့အသက်အရွယ် ရလာတဲ့ထိ သူ့ချစ်ဇနီးကို သည်းသည်းလှုပ်ချစ်တတ်ပုံကတော့ လူတိုင်းလက်ဖျားခါရလောက်ပါတယ် ။

ဇနီးသည်ဆင်ပေးတဲ့ အဝတ်ကိုဝတ် ၊ ဇနီးသည်ပြောသမျှအားလုံးသဘောတူ ထောက်ခံ ၊ ဇနီးသည်ကို နာမည်တောင်မခေါ်ရက်လို့

တေးချစ်သူလေး Valentino လေးလို့တောင်ချစ်စနိုးခေါ်သူပါ ... ဒီအရွယ်ထိ ဒီလိုချစ်တဲ့ ခင်ပွန်းကိုပိုင်ဆိုင်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ ချစ်ဇနီးဟာ

ကံကောင်းတဲ့ မိန်းမသား တစ်ဦးဖြစ်နေတာတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး ။ ဒီလိုကံကောင်းတဲ့ မိန်းမသားဖြစ်ဖို့ ဒီတိုင်းတော့အလိုလို

ကံကောင်းလာတာမဟုတ်ပါဘူး ။ သူ့ဘက်ကလဲ ပြန်လည်ပေးဆပ်တာတွေ တစ်ပုံကြီးပါ ။

ခင်ပွန်းသည်ကိုအကောင်းမြင်ပြီး စိတ်တူကိုယ်တူရှိလှတဲ့ ဒေါက်တာ ရဲ့ အမှတ်တမဲ့ အပြုအမူလေးတွေ ကနေတစ်ဆင့်

သူကိုယ်တိုင်က မြန်မာပြည်သိန်းတန်အပေါ်ဘယ်လိုမေတ္တာထားတယ်ဆိုတာကိုကောင်းကောင်းသိမြင်နိုင်ပါတယ် ။

သူကသူ့ခင်ပွန်းရဲ့ အခိုင်မာဆုံးပရိတ်သတ်ပါ ...

ဒီပုံလေးထဲမှာဆိုရင်လဲ Duwun Food Carnival 2017 ပွဲမှာဖျော်ဖြေနေတဲ့ သူ့ခင်ပွန်းကို ထိုင်အားပေးနေတဲ့

သူ့ပုံလေးက ရင်ကိုထိစေပါတယ် ...

ဘာလုပ်လုပ်နောက်ကအားပေးနေမယ့်လက်တွဲဖော်ကောင်းရှိရင် ဆန္ဒရှိသမျှအကုန်လုပ်ဖို့ အားအင်ရှိတာမို့

မြန်မာပြည်သိန်းတန် ဘာကြောင့် လုပ်ချင်တာတွေလုပ်ပြီး စိတ်ချမ်းသာနေသလဲ ဆိုတဲ့ အဖြေကို သိလိုက်ရသလိုပါပဲ ။

သူတို့ကို သဘောကျတဲ့ ပရိတ်သတ်တွေရှိသလို သဘောမကျတဲ့ ပရိတ်သတ်တွေလဲရှိတယ်ဆိုပေမယ့်

အားလုံးလက်ခံရမှာကတော့ သူတို့ဟာ အားကျစရာကောင်းတဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ထားကြတဲ့သူတွေပါ ...

ပရိတ်သတ်ကြီးရော ဒီလို ဘဝဖော်အစစ်အမှန်ကိုလိုချင်ကြလား ?

Source : Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။