ပြောင်းလဲမှုတွေများစွာပြုလုပ်နေတဲ့ ပြည်တွင်းဒေသများစွာမှာ စည်းစနစ်ကျကျပြောင်းလဲမှုတွေနဲ့အတူ ရုပ်ဆိုးအကြဉ်းတန်မှုတွေလည်း များစွာရှိနေပါတယ်။ ကျေးလက်ဓလေ့တွေကို မြတ်နိုးတန်ဖိုးထားတဲ့ ကျေးရွာဒေသတွေများစွာရှိနေပြီး ပြည်တွင်း ပြည်သူတွေသာမက ပြည်ပနိုင်ငံခြားတွေကိုပါ စိတ်ဝင်စားစေတဲ့ နေရာတွေများစွာရှိနေပါတယ်။ အဆိုပါ မြို့ရွာလေးတွေထဲမှာ ဓနုရွာလေးလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။  

စည်းစနစ်ကျကျဖွဲ့စည်းတည်ဆောက်ထားတဲ့ ရွာလေးဖြစ်သလို ဒေသနေပြည်သူတွေရဲ့ တစ်ဦးခြင်း စည်းစနစ်လေးတွေကြောင့် သွားရောက်လည်ပတ်သူတွေကို အံ့အားသင့်စေခဲ့တာပဲဖြစ်ပါတယ်။ စည်းကမ်းတကျ အမှိုက်ပစ်ခြင်း လမ်းသန့်ရှင်းရေးအတွက် အတူတူကြိုးစားလုပ်ဆောင်မှုတွေနဲ့ သန့်ရှင်းသော ရေအိုးစဉ်လေးတွေကတော့ ကျေးရွာဓလေ့နဲ့ ရွာရဲ့ ချစ်စရာမြင်ကွင်းလေးကို ပြသထားတာပဲဖြစ်ပါတယ်။  

ရွာသူရွာသားတွေရဲ့ ချစ်စရာစိတ်ဓာတ်လေးတွေက ပြည်တွင်း ပြည်သူတွေကို အတုယူစေလောက်ပြီး နိုင်ငံတကာမြို့တွေအလှ မြန်မာ့ကျေးရွာအလှကို ပြသခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကြားရေပန်းစားနေတဲ့ ဓနုရွာလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - SAI LUKHAY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။