ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ ယာဉ်မောင်းသူများရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့အတူ သဘာဝဘေးအန္တရယ်တွေကြောင့် တိမ်းမှောက်မှုပိုမိုများပြားနေပြီး သေကြေဒဏ်ရာရရှိမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းတိုက်မှုတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ ဒီကနေ့မှာဖြစ်ပွားခဲ့တာတွေ့ရပါတယ်။     

အဆိုပါ ယာဉ်တိုက်မှုကတော့ ဒီကနေ့ ၂ နာရီအချိန်ခန့်က မော်လမြိုင်မြို့စမ်းကြီးရပ် မော်လမြိုင်- မုဒုံ လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး " မုဒုံဘက်မှ သံဃာ တပါး မောင်းလာသော မင်္ဂလာရာမတပ်ဦးကျောင်း စာတန်းပါ ကားတစ်စီးသည် လမ်းမကြီးမှစမ်းကြီးရွာဘက်သို့ ကွေ့ဝင်စဉ် မော်လမြိုင်မြို့မှ မုဒုံဘက်သို့ လမ်းမကြီး အတိုင်း မောင်းလာသော ဆိုင်ကယ်တစ်စီးမှ ကားအလယ်တည့်တည့်အား ဝင်တိုက်မှု" ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရသိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်လိုက်ပါစီးနင်းလာတဲ့ အမျိုးသား သုံးဦးအနက် တစ်ဦးကတော့ ဒဏ်ရာများစွာနဲ့ ဆိုးရိမ်ရကြောင်း သိရပါတယ်။ အခြားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာအချို့သာရရှိခဲ့ပြီး အသက်အန္တရယ် မဆိုးရိမ်ရကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ မကြာသေးမီက ယာဉ်တိုက်မှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးရင်း သတိပြုမောင်းနှင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

pHOTOS - မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။