ဆယ်စုနှစ်တစ်ခုကြာ မြန်မာပြည်ရဲ့ ကြော်ငြာလောကမှာ ပရိသတ်တွေရဲ့ချစ်ခင်လေးစားမှုရရှိခဲ့တဲ့ ထက်ထက်မိုးဦးကတော့ အခုချိန်ထိကို နုပျိုလန်းဆန်းနေတာပါပဲ။

မတ်လ(၂၇)ရက်နေ့ညနေပိုင်းက ရန်ကုန် The Tea Factory မှာကျင်းပတဲ့ နီနီခင်ဇော်ရဲ့ Revolution Show Pre Party ပွဲကို ထက်ထက်တို့ မိသားစုလိုက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပွဲမှာ ထက်ထက်တို့မိသားစုလေးက ရိုးရိုးရှင်းရှင်း ဖက်ရှင်စတိုင်လေးနဲ့ ပဲ တမူထူးခြားပြီး ချစ်စရာကောင်းနေခဲ့ပါတယ်။

ထက်ထက်နဲ့ ခင်ပွန်းဖြစ်သူ မော်ဒယ်သရုပ်ဆောင် စိုင်းလွှမ်းနဲ့ ၊သမီးလေးစစ်လွန်းဝတီထက် ကတော့ အကယ်ဒမီပွဲတုန်းကလည်း မိသားစုအတူတူပွဲတက်ခဲ့ပါသေးတယ်။

နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ကိုသူ ပညာမတတ်ဘူးလို့ အင်တာဗျုးတစ်ခုမှာ ထုတ်ဖော်ပြောရဲတဲ့ ပွင့်လင်းတဲ့ ရိုးသားဖြူစင်မှုတွေကြောင့် ဒီအချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတာပါ။

သတင်းအရင်းမြစ် Myan Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။