ဖေဖော်ဝါရီလမှာ စတင်ပြုလုပ်ခဲ့တဲ့ ငွေကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကတော့ ပရိသတ်တွေရဲ့ အိမ်မတ်တွေကို အမှန်တကယ်ပြောင်းလဲစေမှာအမှန်ပဲဖြစ်ပါတယ်။ အဆိုပါ သိန်းတစ်သောင်းခွဲကံထူးရှင်ကို ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ရွေးချယ်ခဲ့ပြီး ပထမဆုံး သိန်းတစ်သောင်းခွဲကံထူးရှင်တစ်ဦးကတော့ ထွက်ပေါ်ခဲ့ပါပြီ။ အဆိုပါ ကံထူးရှင် ဦးစန္ဒိမာဘွဲ့အမည်ရ ဆရာတော်တစ်ပါးပဲဖြစ်ပါတယ်။  

အဆိုပါ ကံထူးရှင် ဆရာတော် ဦးစန္ဒိမာကတော့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊အေးမေတ္တာစံ ကျောင်းတိုက်မှဆရာတော်တစ်ဦးဖြစ်ပြီး သိန်းတစ်သောင်းနံပတ် အ ၇၉၂၉၄၁ ဖြင့် ကံထူးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ သိန်းတစ်သောင်းကံထူးရှင်နှင့်ပတ်သက်ပြီး "ထီဖွင့်မယ့် မနက်ပိုင်း ၇ နာရီ မိနစ် ၂၀ လောက်ကမှ ဆရာတော်က ထီထိုးသွားတာပါ။ နောက်တစ်ယောက်က လည်း ကျွန်တော့်ဆိုင်က ထိုးတယ်။ သူကတော့ သိန်းတစ်သောင်းခွဲဆုကို ဂဏန်းတူ ပြီး အက္ခရာပဲ လွဲသွားတယ်” လို အရောင်းကိုယ်စားလှယ်ထံမှ သိရပါတယ်။  

ဆရာတော် ထီထိုးခဲ့တဲ့ ထီဆိုင်ကတော့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ကျဉ်းတောင်ကန် ရှိ ထီဆိုင်ဖြစ်ပြီးငါးစောင်တွဲ လက်မှတ်ကတဆင့် သိန်းပေါင်း တစ်သောင်းခွဲ ဆုကို ဆရာတော်က ဦးဦးဖျားဖျား ဆွတ်ခူးသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပထမအကြိမ်မြောက် သိန်းတစ်သောင်းခွဲ ဆုကြီးကို ပိုင်ဆိုင်ခဲ့တဲ့ ဆရာတော်ရဲ့ ပုံရိပ်လေးနဲ့ ဗီဒီယိုဖိုင်ကို မျှဝေပေးလိုက်ပါတယ်။

vide0 - sali phyoe thu aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။