ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ နီကာရာဂွါ အစိုးရဟာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

၎င်းအစိုးရကတော့ အကျဉ်းသားတွေကို အစိုးရနဲ့ အတိုက်အခံခေါင်းဆောင်တွေ အကြပ်အတည်း အဆုံးသတ်ရေး ဆွေးနွေးပွဲ ပြန်မစခင် နာရီပိုင်းအလိုမှာ လွှတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

အကျဉ်းသားတွေကိုလွှတ်ပေးခဲ့တဲ့ သမ္မတ နီကာရာဂါွ ဟာဆိုရင်လည်း စစ်အေးခေတ်ကာလက ပြောက်ကျားတိုက်ခိုက်ရေးသမားတစ်ဦးပဲဖြစ်ပါတယ်။

မနှစ်ကဆိုရင်လည်း ၎င်းသမ္မတဟာ လူမှုလုံခြုံရေးအတွက် ပြုပြင်ပြောင်း လဲဖို့ ကြိုးစားခဲ့ပေမယ့် နိုင်ငံရေး အကြပ်အတည်း နက်ရှိုင်းခဲ့ပြီး လူထု ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်လို့သိရပါတယ်။

ယခုပြုလုပ်မယ့် ဆွေးနွေးပွဲမှာဆိုရင်လည်း အစိုးရ၊ စီးပွားရေး ကိုယ်စားလှယ်တွေ၊ ကျောင်းသားတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ ပါဝင်ပြီး အကြပ်အတည်းအတွက် အဖြေရှာကြမှာဖြစ်တယ်လို့သိရပါတယ်။ 

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။