နာမည်ကြီး ဂီတအနုပညာရှင် ဆရာဥက္ကာဦးသာဟာ Myanmar Idol ရဲ့ Vocal trainer တစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲတစ်လျှောက် အဖွဲ့ဝင်တွေအားလုံးကို သင်ကြားပြသပေးခဲ့ပြီး နောက်ဆုံး Finalists နှစ်ဦးဖြစ်တဲ့ သားငယ်နဲ့ Billy ကိုလည်း train ပေးခဲ့ပါတယ်။ ယနေ့ မနက်ပိုင်းမှာတော့ ဆရာဥက္ကာဦးသာရဲ့ Billy အပေါ် ရေးသားထာတဲ့ စာစုတစ်ခုဟာ လူမှုကွန်ယက်ပေါ် စတင်ပျံ့နှံ့လို့လာပါတယ်။

သူရေးထားတဲ့စာထဲမှာတော့ Billy အနေနဲ့ အတိုက်အခိုက်တွေကို ကြံ့ကြံ့ခံပြီး စစ်မှန်တဲ့အနုပညာအရည်အသွေးတွေကို ဖော်ထုတ်ပြသဖို့ တိုက်တွန်းနှိုးဆော်ထားတဲ့ စာလေးပဲဖြစ်ပါတယ်။ ဒီစာလေးကို ယနေ့ မနက်ပိုင်းလောက်မှာ တင်ထားခဲ့တာဖြစ်ပြီး အခုတော့ သူ့ရဲ့လူမှုစာမျက်နှာကနေ ပြန်ဖျက်သွားပါတယ်။ ဘာလို့ ပြန်ဖျက်သွားတာလည်း ဘာကြောင့်လည်းဆိုပြီး ပရိသတ်တွေ သိချင်နေပေမယ့်လည်း ဘာ့ကြောင့်လည်းဆိုတဲ့ အကြောင်းတရားကိုတော့ ဆရာဥက္ကာဦးသာ ပြောပြမှပဲ သိနိုင်မှာပေါ့ ပရိသတ်ကြီးရေ………

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။