စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ခါက ကလေးတစ်သိုက်နဲ့ အမှတ်တရလေး

တခါက

လပြည့်ဝန်းပလာဇာမှာ

တစ်ယောက်တည်းစျေးဝယ်နေတုန်း

ဒဂုံ(၁)က ကလေးမလေးတွေ ကျနော့်ကိုအတင်းလာဆွဲခေါ်ကြတယ်။ ကျောင်းဝတ်စုံလေးတွေနဲ့။ ခြောက်တန်း လို့ထင်တာပဲ ။

စိုင်းစိုင်းနဲ့ဓာတ်ပုံရိုက်မလို့တဲ့ ။

အဲတုန်းက camera phone တွေမရှိကြသေးပါဘူး ။

ကလေးတွေလည်း ဖုန်းမကိုင်ကြသေးဘူး။ Facebook ခေတ်လည်းမရောက်သေးဘူးပေါ့လေ။

လပြည့်ဝန်းပလာဇာတတိယထပ်မှာ ဓာတ်ပုံရိုက်ပြီး တခါတည်းပုံတွေထွက်လာတဲ့ စက်ကြီးရှိတယ် ။ Sticker ပုံလေးတွေလေ ။ ၂ပုံတွဲတို့၊ ၄ ပုံတွဲတို့ ။

ကျနော့်ကို အဲဒီခေါ်သွားတာဗျ။

ပြီးတော့ တစ်ယောက်ပြီးတစ်ယောက်ဓာတ်ပုံတွဲရိုက်ကြတယ်။ ပျော်ဖို့လည်းကောင်းတယ် ။ဆူညံနေတာပဲ ။

၁ဝယောက်ကျော်လောက်ရှိမယ်ထင်တယ် ။

ပြီးတော့ စက်ထဲက ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ဓာတ်ပုံလေးတွေထွက်လာတာပေါ့။

အားလုံးပြီးတော့ ကိုယ့်ပုံကိုယ်ယူပြီး ပိုက်ဆံရှင်းရမယ်ဆိုတော့ စိုင်းစိုင်းပေးလိုက်တဲ့ ။ ပိုက်ဆံမပါဘူးတဲ့ဗျ။

အင်းပေါ့လေ၊ ခြောက်တန်းကလေးတွေပဲဥစ္စာ ။ ဓာတ်ပုံဖိုးတော့ဘယ်ရှိမလဲ ။ မတတ်နိုင်ဘူး ။ ကျနော်ဘဲရှင်းရတာပေါ့ ။

ဟိုမှာ ဆိုင်ရှင်ကလည်းရှိုးနေပြီ။

ဘာရယ်မဟုတ်ဘူး ဒီည အဲဒီအကြောင်းလေး ပြန်သတိရလို့ တစ်ယောက်တည်း တွေးတွေးပြီး ပြုံးမိပါတယ် ။ အခုဆိုရင် အဲ့ကလေးတွေ မမကြီးတွေဖြစ်နေလောက်ရောပေါ့ ။ တချို့ဆို ကျနော့်ထက်တောင် ဝါကြီးရင် ကြီးနေတော့မှာ ... ... ...

#ကျနော်နဲ့တခါက

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။