ဗင်နှီဇွဲလားနိုင်ငံ၊ တာရှီလာဒေသရှိ ဆည်မြောင်းကြီးအတွင်းသို့ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်းက ငါးဖမ်းသူများနှင့် နေ့ခရီးထွက်ကြသူများသည် လှေများဖြင့် လာရောက်လေ့ရှိခဲ့ပြီး ရင်ထိတ်ဖွယ် ရှုခင်းများ၊ရေပြင်မှထွက်ပေါ်နေ သည့် လှပသော နံရံကပ် မှိုပင်များအကြားတွင် ရေအောက်မှ တစ်စုံတစ်ခုတွင် လှေများကို ကျောက်ချရပ်နားလေ့ရှိကြပါတယ်။ ထိုကျောက်ဆူး ချ သည့် နေရာ၏ ရေအောက် အနက်ပိုင်းတွင် ကြီးမားသော အရာတစ်ခုခုတွင် ချိတ်မိနေကြောင်း သတိပြုမိခဲ့ကြပါတယ်။ 

၂၀၀၈ ခုနှစ်မှာတော့ ကြက်ခြေခတ် ပုံသဏ္ဍာန် အရာတစ်ခုသည် ရေမျက်နှာပြင်နှင့် တဖြည်းဖြည်းနီးကပ်လာကာ နောက်ဆုံး တွင် ဂေါသစ်လက်ရာ အဆောက်အဦ တစ်ခုရေအောက်တွင်ရှိနေကြောင်းသိရှိလာခဲ့ရပါတယ်။ ကြက်ခြေခတ်ပုံ အရာသည် အလွန်ကြီးမား သော အဆောက်အဦ တစ်ခုရှိနေကြောင်းပြသနေသည့် သဲလွန်စ တစ်ခုဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ဆည်အတွင်းမှ ရေများ အားလုံးနီးပါးလျော့ကျသွားချိန်တွင်အလွန်ကြီးမားသော ခရစ်ယာန် ဝတ်ပြုကျောင်းကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ 

ထိုခရစ်ယာန် ဘာသာရေးဝတ်ပြုကျောင်းသည်၁၉၈၅ ခုနှစ်တွင် ရေအားလျှပ်စစ်ဓာတ်အားစီမံကိန်းအတွက် မြို့လုံး ကျွတ် ပြောင်းရွှေ့ပေးခဲ့ရသည့်ပိုတိုစီ မြို့မှ ဝတ်ပြုကျောင်းဖြစ်ကြောင်း နောက်ပိုင်းမှသိရှိခဲ့ရပြီး စီမံကိန်းလုပ်ငန်းဆောင်ရွက်ရန် ရေလှောင် တမံ ကြီး တစ်ခုကို တည်ဆောက်ခဲ့ရာမှ ရေအောက်တွင် နှစ်ပေါင်း၂၀ ကြာ မူလအနေအထား အတိုင်း ကျန်ရှိနေသည့် အဆောက် အအုံသည် တစ်ချိန်က မိုးထိုးနေသည်ဟု ယူဆရသည့် ဝတ်ကျောင်းထိပ်မှ ကြက်ခြေခတ်ပဲ ဖြစ်တယ်လို့ ပညာ၇ှင်တွေက နောက်ဆုံးမှာ မှတ်ချက်ပေးခဲ့ပါတယ်။ 

Source : မောင်သာ (ရှေးဟောင်းသုတေသန)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။