အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာရပ်တည်နေတဲ့ မင်းသား မင်းမော်ကွန်းကတော့ နှစ်တွေဘယ်လောက်ပင်ကြာကြာ အသက်တွေရလာပေမယ့် ရုပ်ရည်ကတော့ နုပျိုနေတုန်းပါပဲ။

ပရိသတ်အချစ်တော် မင်းမော်ကွန်းမှာ ချစ်စရာကောင်းတဲ့ ဇနီးနဲ့ သားနှစ်ယောက်၊ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပါတယ်။

ဒီနေ့ မတ်လ(၂၉)ရက်နေ့ကတော့ မင်းမော်ကွန်း ရဲ့ အငယ်ဆုံးသားလေး ဧကဘုန်းမြတ်ရဲ့ အသက်(၂)နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။

အကယ်ဒမီပွဲတုန်းကတော့ မင်းမော်ကွန်းရဲ့ ဖခင်ဖြစ်သူဇင်ဝိုင်းက သူ့ရဲ့ မြေးမလေး ကို ပွဲထုတ်ခဲ့ပါသေးတယ်။ ရုပ်ရှင်သရုပ်မင်းသားတွေထဲမှာ ကလေး(၃)ယောက်အဖေလို့တောင်မထင်ရတဲ့ မင်းမော်ကွန်းကတော့ အမြဲတမ်းနုပျိုအရွယ်တင်နေလို့ ပရိသတ်တွေရဲ့ချီးမွမ်းစကားတွေလည်း ရရှိခဲ့ပါတယ်။

ဒီနေ့ကျရောက်တဲ့ သားသားလေး ဧကဘုန်းမြတ်အတွက် ပရိသတ်ကြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။ 

သတင်းအရင်းမြစ် Myanmar Cele

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။