အောင်မြင်မှုကို ဆယ်စုနှစ်ကျော်အောင်ထိန်းသိမ်းထားနိုင်တဲ့ ရှားပါး အဆိုတော်တွေထဲမှာ

စိုင်းစိုင်းကိုတော့ မေ့ချန်ထားခဲ့လို့မရပါဘူး ။ ခေတ်ရေစီးကြောင်းအလိုက် အမှီလိုက်နိုင်တဲ့

စိုင်းစိုင်းရဲ့ သီချင်းတွေဟာ ထွက်တိုင်းမှာ အကြီးအကျယ်အောင်မြင်စမြဲပါ ... အခြားအနုပညာအလုပ်တွေကိုလဲ

၀ါသနာအလျှောက်လုပ်ကိုင်နေသေးတဲ့ စိုင်းစိုင်းက စီးပွားရေးခြေလှမ်းသစ်အဖြစ် SAI Cosmetix ကိုချဲ့ထွင်ပြီး

အလှပြင်ပစ္စည်းတွေဖြန့်ချီရာမှာလဲ အောင်မြင်နေပါတယ် ။ ခုလဲ SAI Cosmetix ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့

Eyeshadow ကို ဝယ်သူတွေလက်ထဲကိုဖြန့်ချိတော့မှာဖြစ်ပါတယ် ။ ထိုပွဲကို April 2 ရက်နေ့ Junction Square မှာပြုလုပ်မှာပါ ။

စိုင်းစိုင်းက “ကျွန်တော့်ရဲ့ SAI Cosmetix က ထုတ်ကုန်အသစ်ဖြစ်တဲ့ Eyeshadow တွေကို ဧပြီ ၂ ရက်မှာ စတင်မိတ်ဆက်ပါမယ်။ Eyeshadow ကို ပုံစံနှစ်မျိုးထုတ်လုပ် ရောင်းချမှာဖြစ်ပြီး ပထမတစ်မျိုးကို ရွှေရောင်ကို အခြေခံထားတဲ့ Eyeshadow တွေ ပါဝင်မှာပါ။ နောက်တစ်မျိုးကတော့ ညပွဲတွေသွားရင် လိမ်းခြယ်နိုင်မယ့် Sexy ဘက်ကိုသွားတဲ့ အရောင်တွေပါ။ စျေးနှုန်းတွေကိုတော့ မကြာခင် ကြေညာသွားပါမယ်။ ဒီတစ်ခေါက်မှာ ထူးထူးခြားခြားအနေနဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအသီးသီးမှာရှိတဲ့ တက္ကသိုလ်တွေက Queen တွေကို ပါဝင်ဖို့ ကမ်းလှမ်းခဲ့ရာမှာ ညီမလေးများကလည်း ကျွန်တော်တို့ကို မေတ္တာနဲ့ ကူညီပေးကြပါတယ်။ ဒါကြောင့် SAI Cosmetix Eyeshadow တွေကို သူတို့တွေနဲ့အတူ မိတ်ဆက်ရှင်းလင်းသွားမှာဖြစ်ပြီး ကြော်ငြာတွေကိုလည်း သူတို့နဲ့အတူ ရိုက်ကူးထားတာ ဖြစ်ပါတယ်” လို့ဆိုပါတယ် ။

Eyeshadow တွင် ပန်းရောင် Blusher နှင့်အတူ ရွှေရောင်ကို အခြေခံထားသည့် ‘Gold Dust’ အမည်ရ Eyeshadow နှင့် Bronzer တစ်ခုပါဝင်သည့် ‘Starry Eyes’ အမည်ရ Eyeshadow များ ဖြန့်ချိမည်ဖြစ်ကြောင်း သိရပါတယ် ။

Source : Eleven media 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။