စစ်သားတိုင်းလူဆိုးမဟုတ်သလိုု စစ်သားမဟုတ်တိုင်းလဲ လူကောင်း မဟုတ်ပါဘူး …..

(၇၂)နှစ်ပြည့် တပ်မတော်နေ့ ကိုဂုဏ်ပြုသောအားဖြင့် သရုပ်ဆောင် စိုးမြတ်နန္ဒာကတော့ တပ်မတော်သားတွေကို ချစ်မြတ်နိုးတယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာတင်ခဲ့ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက ရဲဘော်တွေ ရဲဘော်မိန်းမတွေနဲ့ အတူနေရပြီး ဖခင်ဖြစ်သူကလည်းစစ်သားတစ်ဦးပဲဖြစ်ပါတယ်။

"စစ်သား သားသမီး မို့ စစ်တပ်ကိုချစ်တယ် မွေးကထဲက စစ်သားတွေ ရဲဘော်တွေ ရဲဘော်မိန်းမတွေနဲ့ နေရလို့ စစ်တပ် ကို ချစ်တယ်။လူဆိုး နဲ့ လူကောင်း ၂ မျိုးရှိတဲ့ လောကကြီးမှာ စစ်သားတိုင်းလူဆိုးမဟုတ်သလို စစ်သားမဟုတ်တိုင်းလဲ လူကောင်းမဟုတ်ဘူး အဖေ စစ်သား အမေ က ခုလို ပန်းကုန်းတွေစွပ်ခဲ့တာမို့ စစ်သားတွေကို ချစ်တုန်း။ " ဆိုပြီး တင်ထားတာတွေ့ရပါတယ်။

မိခင်ဖြစ်သူက ဖခင်ကို ပေါင်းကုံးစွပ်နေတဲ့ အောက်ပါပုံလေးကိုပါ တင်ထားပါတယ်။

Source: Soe Myat Nandar facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။