ကနေဒါနိုင်ငံ ကူဘက်ပြည်နယ်မှာ ဆရာဝန်တွေကို လုပ်ခလစာ တိုးမြှင့်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဆရာဝန်တွေ၊ ဒေသခံတွေနဲ့ ဆေးကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။လူနာတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မလုပ်နိုင်သလို သူနာပြုတွေအတွက် ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းခွင် အခြေအနေ ကြုံနေရချိန်မှာ သူတို့ကို လစာတိုးပေးတာ စော်ကားသလိုပဲလို့ ကူဘက်ပြည်နယ်က ဆရာဝန်အဖွဲ့က အိတ်ဖွင့်ပေးစာ ပေးခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် တစ်နှစ်လုပ်ခ ကနေဒါဒေါ်လာ ၄၀၀၀၀၀ ရရှိနေတဲ့ကူဘက်ပြည်နယ်က ဆရာဝန်တွေဟာ အစိုးရက ပံ့ပိုးတဲ့ ကျန်းမာရေးစီမံကိန်းအရ နှစ်စဉ်နှစ်တိုင်း လုပ်ခလစာ ၁.၄ ရာခိုင်နှုန်း တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ Médecins Québécois pour la Régime Public ဆရာဝန်အဖွဲ့က သူတို့တွေ လုပ်ခလစာ တိုးမလိုချင်ဘူး၊ ကူဘတ်ပြည်နယ်ရဲ့

ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းဖို့နဲ့ သူနာပြုတွေ ထပ်ခန့်ပေးဖို့ပဲ လိုလားတယ်လို့အိတ်ဖွင့်ပေးစာမှာ ရေးသားဖော်ပြထားပါတယ်။ အခုဆန္ဒပြပွဲမှာ ဆရာဝန် ၅၀၀ ကျော်၊ ဒေသခံတွေနဲ့ ဆေးကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော် ပါဝင်ခဲ့ပါတယ်။

လစာတိုးပေးမယ့် အစီအစဉ်ကို ဆုံးဖြတ်ပြီးသားဖြစ်လို့ ပြန်လည်ညှိနှိုင်းဆွေးနွေးတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ကူဘက်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဘာရက်တီက ပြောပါတယ်။

Source : Naykhayan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။