သူမရဲ့နာမည်ကတော့ Haven Shepherd ဖြစ်ပြီး သူမဟာ ဗီယက်နမ်နိုင်ငံမှာ မွေးဖွားခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် သူမဟာ ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့ရဲ့ တိတ်တိတ်ပုန်းဇာတ်လမ်းကြောင့် မွေးဖွားလာသူတစ်ဦးဖြစ်တာကြောင့် သူမရဲ့ဘဝဟာ မသာယာခဲ့ပါဘူး။

ဘယ်လောက်ထိတောင် အခြေအနေဆိုးခဲ့လဲဆိုလို့ရှိရင် သူမရဲံဖခင်ဖြစ်သူဟာ သူတို့မိသားစုသုံးယောက်ဟာ ဒီဘဝမှာ ဆုံစည်းဖို့ မဖြစ်နိုင်ဘူးဆိုပြီး သူမရဲ့ခြေထောက်နားမှာ ဗုံးကိုထားပြီး သူမကိုရင်ခွင်ထဲပိုက်ကာ မိသားစုသုံးယောက်လုံး သတ်သေဖို့ကြိုးစားခဲ့ပါတယ်။

ဒါ့ကြောင့်ပဲ သူမရဲ့မိဘနှစ်ပါးဟာ အဲ့ဒီနေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

သူမကတော့ ကံကောင်းလို့ အသက်မသေခဲ့ပေမယ့် သူမရဲ့ခြေထောက်နှစ်ဖက်လုံးကနေ ဒူးဆစ်အောက်နားကနေ ပြတ်သွားခဲ့ပါတယ်။

ဒါ့အပြင် ဒီလိုအခြေအနေမျိုးဆိုတာဟာ ကလေးငယ်လေးတစ်ယောက်အတွက် အသက်ဆက်ရှင်ဖို့တောင် မဖြစ်နိုင်လောက်တဲ့ စိတ်ထိခိုက်စရာအခြေတစ်ခုပါပဲ။

သူမအရမ်းစိတ်ထိခိုက်ခဲ့ရတယ် ဒါပေမယ့် သူမဘဝမသေဆုံးခဲ့ပါဘူး ဘဝကိုကြိုးစားဖြတ်သန်းနေရာကနေ အမေရိကန်ဇနီးမောင်နှံနှဦးက သူမကိုမွေးစားခဲ့တာကြောင့် ဗီယက်နမ်ကနေ အမေရိကန်ကို လိုက်ပါပြောင်းရွှေ့ခဲ့ရပါတယ်။

ဒါ့အပြင် အသက်နည်းနည်းကြီးလာတဲ့အခါမှာ ဘဝကိုလွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့သူမအနေနဲ့ ရေကူးအားကစားနည်းကို ခံမင်တာကြောင့် ရေကူးအသင်းထဲကိုဝင်ခဲ့ပါတယ်။

ခြေထောက်နှစ်ဖက်ဖြတ်ထားရတဲ့အတွက် ရေကူးတာဟာ သူအတွက်အခက်အခဲတွေ များစွာရှိပေမယ့်လည်း လက်ရှိအချိန်မှာဆိုရင် ခြေလက်အစုံရှိတဲ့ လူတွေနဲ့တန်းတူ ရေကူးပြီး နိုင်ငံဂုဏ်ဆောင်ပေးနိုင်တဲ့ အားကစားသမားကောင်းတစ်ဦးဖြစ်နေပြီပဲဖြစ်ပါတယ်။

ပရိသတ်တွေမှာလည်း ဆိုးရွားတဲ့ အတိတ်ကကိစ္စတွေရှိနေနိုင်တယ်ဆိုပေမယ့် သူမကြုံတွေခဲ့ရတဲ့ ဖြစ်ရပ်နဲ့ယှဉ်လိုက်တွေးပြီး သူမလိုလူတောင် စိတ်ဓတ်မကြဘဲ ဘဝကိုအကောင်းဆုံးပုံဖော်နိုင်တာ ငါတို့ကဘာလို့ မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်ကလေးထားပြီး ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပရစေ။

source -bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။