ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ်မှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းမီးလောင်ကျွမ်းမှုကတော့ ဓာတ်ငွေ့ပိုက်လိုက်တွေ လောင်ကျွမ်းရာကနေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲသံတွေနဲ့ ဆူညံနေခဲ့တယ်လို့သိရပါတယ် ။

ဒါ့အပြင် ၎င်းမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောက်ကြီးဟာ အင်မတန်ကြီးမားလှတာကြောင့် ပတ်ဝန်းကျင်မှာ အလင်းရောင်တွေပျံ့နှံ့နေခဲ့ပါတယ်။

ထိုသို့ကြီးမားလှတဲ့မီးတောက်ကြီးကိုလည်း ဒေသခံရဲတပ်ဖွဲ့ဝင်တွေဟာ နှင်းဝေတဲ့မနက်ခင်းတခုမှာ နေထွက်သလာမျိုးပဲလို့လည်း တင်စားသုံးနှုန်းခဲ့ကြတယ်လို့သိရပါတယ်။ 

၎င်းမီးလောင်ကျွမ်းမှုကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ဆိုရင် အနီးအနားမှာရှိတဲ့ ဆောက်လက်စ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ပျက်စီးသွားခဲ့သလို ပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေလည်း လျှပ်စစ်ဓာတ်အား ပျက်တောက်သွားခဲ့တယ်လို့သိရပါတယ်။ 

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။