ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေကို များစွာပိုင်ဆိုင်ထားတဲ့ ပထမဦးဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဥပါဉ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးထဲ့မှာ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားအောင်မြင့်မြတ်ကတော့ ယခုနောက်ပိုင်းမှာ အကယ်ဒမီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ အရည်အချင်းရှိတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ တက်သစ်စမင်းသားတစ်ယောက်ဖြစ်ပေမယ့် တတ်သည်ပညာမနေသာဆိုတဲ့ စကားအတိုင်း အနုပညာလောကမှာ အချိန်တိုလေးအတွင်း အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

အောင်မြင်တဲ့ မင်းသားတစ်ယောက်အနေနဲ့ စိတ်ဓာတ်မြင့်မြတ်ပြီး သဘောကောင်းတဲ့ သူတစ်ယောက်အဖြစ် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ရုပ်ရှင်ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးလျက်ရှိနေပြီး နောက်ထပ်ဇာတ်ကောင်အသစ်ပုံစံနဲ့ ထပ်မံမြင်တွေ့ရအုံးမှာဖြစ်ပါတယ်။

မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မင်းသားချောအောင်မြင့်မြတ်က တော်ရုံ လူတွေမလုပ်နိုင်လောက်တဲ့ အင်တာနက်ပေါ်မှာ ခေတ်စားနေတဲ့ Clean Challenge ကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူ စိန်ခေါ်ပြီး လက်တွေ့ လုပ်သွားခဲ့တာဖြစ်ပါတယ်။ အမှိုက်တွေနဲ့ ရှုပ်ပွနေတဲ့ ရထားလမ်းနားက အမှိုက်ပုံးကြီးကို အားလုံးနဲ့ အတူ စုပေါင်းပြီး ရှင်းခဲ့တာဖြစ်ပါတယ်။ တကယ်ကို လေးစားအထင်ကြီးစရာကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တဲ့ ပုံရိပ်တွေကို တင်ပြီး ပရိသတ်တွေကို Challenge လုပ်လိုက်တာဖြစ်ပါတယ်။

Source: Aung Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။