ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ဆုပန်ထွာက တစ်ချိန်က ရုပ်ရှင်လောကမှာ သရုပ်ဆောင်ကောင်းတဲ့ ပြည်သူ့အချစ်တော်မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ယနေ့ချိန်ထိအနုပညာ လောကမှာ အောင်မြင်မှုတွေများစွာကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေးကို ပိုင်ဆိုင်ထားပြီး မိခင်ကောင်းတစ်ယောက်အနေနဲ့ သားလေးအတွက်အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

ဆုပန်ရဲ့ တစ်ဦးတည်းသောသားလေး ဖြစ်တဲ့ Roar လေးကလည်း ယခုဆိုရင် အသက် (၂) နှစ်ကောျ်လာပြီဖြစ်တာကြောင့် စကားလေးတွေ မပီကလာ ပီကလာနှင့်တီတီတာတာပြောပြီး ဖေဖေ မေမေ တို့ကို ကျီကျတတ်တဲ့ အရွယ်ကိုတောင်ရောက်နေပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေကို အမျိုးမျိုးလုပ်ပြီး အရမ်းကိုလည်နေပြီဖြစ်တဲ့ Roarလေးက ဆုပန်ရဲ့ ပရိသတ်တွေအတွက်တော့ အသည်းကျော်လေးတစ်ဦးဖြစ်ပါတယ်။

ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေ်းလိမ္မာတဲ့ သားလေးဖြစ်အောင် ဆုပန်ကိုယ်တိုင် ထိန်းကျောင်းသွန်သင်ထားတာကြောင့် တစ်ခါတစ်လေ မေမေ့ကို ကျီကျတတ်ပေမယ့် လိမ္မာတဲ့ သူလေးတစ်ယောက်ဖြစ်ပါတယ်။ ယခုလည်း ချစ်စရာကောင်းတဲ့ အန်တီက ပါးဖောင်းဖောင်းလေးတွေကို ဆွဲပြီး စတာကို အသည်းတွေယားပြီး အော်နေတဲ့ Roar လေးရဲ့ ချစ်စရာ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source:Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။