ဘောလုံးအားကစားနည်းကတော့ကမ္ဘာအနှံ့ကပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတဲ့

ကစားနည်းပဲဖြစ်ပါတယ်။ယောက်ျားလေးတွေသာမကမိန်းကလေးတွေကပါအားပေးနေရတဲ့

ကစားနည်းတစ်မျိုးပဲဖြစ်ပါတယ်။နိုင်ငံအသီးသီးမှာဘောလုံးပြိုင်ပွဲတွေကိုကစားကြပြီး

ဘောလုံးပွဲတိုင်းကလည်းပရိသတ်အပြည့်နဲ့အားပေးမှုရထားတာဖြစ်ပါတယ်။

ကမ္ဘာအနှံ့ကဘောလုံးကစားသမားတွေထဲမှာကတော့ပါရမီရှင်တွေရဲ့ခြေစွမ်းတွေကတော့

ပရိသတ်တွေအမြဲအံ့သြနေရတာပါ။အသက်ငယ်ငယ်လေးထဲကဘောလုံးကိုရူးသွပ်ပြီးကစားနေကြတဲ့

ကလေးငယ်လေးတွေရဲ့ခြေစွမ်းတွေကတော့ပရိသတ်တွေကြားမှာအမြဲရေပန်းစားနေတာပါ။

ခုမှာတော့AratHosseiniဆိုတဲ့ကလေးမလေးရဲ့ခြေစွမ်းတွေကတော့လူမှုကွန်ရက်မှာ

နာမည်ကြီးနေတာဖြစ်ပါတယ်။သူကတော့အသက်၅နှစ်အရွယ်လောက်သာရှိသေးပြီးပရိသတ်တွေ

အံ့သြစေလောက်တဲ့ခြေစွမ်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။လူ၅ယောက်လောက်ကိုအသာလေး

လိမ်ခေါက်နိုင်တဲ့သူ့ရဲ့videoလေးကိုကြည့်ပြီးအနာဂတ်ဟာအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ကပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။