ချစ်ပရိတ်သတ်ကြီးရေ... ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးရဲ့ ပိုင်ရှင် အိမ့်ထရက်သျှာဆိုတာ ပရိတ်သတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်ဖြစ်ပြီးတော့အနုပညာလမ်းကြောင်းပေါ်မှာဖြည်းဖြည်းနဲ့မှန်မှန်လေးလျှောက်လှမ်းနေတဲ့ မော်ဒယ်မလေးပဲဖြစ်ပါတယ်နော်။ အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်လောကထဲကို ပါ အခြေချဖို့ကြိုးစားလာနေခဲ့ပါပြီနော်။

ကလေးလေးလို ဖြူစင်ပြီး ဘာဘီရုပ်မလေးနဲ့ တူတဲ့ မျက်နှာလေးရယ် သေးသေးကျစ်ကျစ်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ခန္ဓာကိုယ်လေးရယ်ကြောင့် ပရိတ်သတ်တွေ အသည်ယားပြီး အချစ်ပိုနေခဲ့ရပါတယ်နော်။ သူမကို ဝေဖန်ပြောဆိုနေတဲ့ ပရိတ်သတ်အချို့ရှိနေခဲ့ပေမယ့်လည်း သူမကတော့ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကြိုးစားပြီးလုပ်ဆောင်လျက်ရှိပါတယ်နော်။

အခုရက်ပိုင်းမှာတော့ သူမဟာခရီးလေးတွေထွက်ဖြစ်နေပြီးတော့ သူမခရီးမထွက်တာ (၁)လခန့်လောက်ကိုရှိနေခဲ့ပါပြီနော်။ ဒါကြောင့်အခု အပန်းဖြေခရီးလေးကိုထွက်ပြီးတော့ အလုပ်တွေ ခဏနားကာ အပန်းဖြေနေခဲ့ပါတယ်နော်။ သူမဟာ ဒီအပန်းခြေခရီးလေးမှာတော့ သူမှတစ်ခါမှမစီးဖူးတဲ့ မြင်းလေးကိုစီးကာ အကောင်ပလောင်အသစ်အဆန်းတွေကိုလည်း အရှင်လတ်လတ်ကိုင်ကြည့်ထိကြည့်နဲ့အရမ်းတွေပျော်နေခဲ့ပါတယ်နော်။ ကဲ... အိမ့်လေးတစ်ယောက်ကမ်းခြေရောက်တုန်းဘယ်လိုတွေပျော်နေခဲ့လဲဆိုတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Source : Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။