သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြုထွေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကိုအောင်မြင်မှုရရှိနေတဲ့ တက်သစ်စ အနုပညာရှင်လေးတစ်ဦး ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ဖြူဖြူထွေးက သူမရဲ့ဝါသနာအရ ပရိသတ်တွေကို ဟာသ၊အကတွေနဲ့ ဖျော်ဖြေတင်ဆက်ရင်း နာမည်ကြီးအောင်မြင်လာတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် ဖြူဖြူထွေးက ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရသလို သီချင်းဗီဒီယိုလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပါတယ်။

ဒါ့အပြင် လတ်တလောမှာတော့ ဖြူဖြူထွေးက နယ်ခရီးတွေ မကြာခဏထွက်နေရပြီး ဖျော်ဖြေပွဲတွေမှာ လိုက်လံဖျော်ဖြေနေတာ တွေ့ရပါတယ်။ Tik Tok ကစားရတာ ဝါသနာပါတဲ့ ဖြူဖြူထွေးက သူမရဲ့အခွီတလိုင်းဗီဒီယိုလေးတွေနဲ့ ဟာသဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက သင်္ကြန်သီချင်းလေးတွေကို ကကွက်အသစ်လေးတွေနဲ့ သရုပ်ဆောင်ပြထားတဲ့ Tik Tok ဗီဒီယိုအသစ်လေးကို တင်လိုက်ပါတယ်။

မြူးမြူးကြွကြွ သင်္ကြန်သီချင်းလေးတွေကို ဖြူဖြူထွေးက မြန်မာဝတ်စုံလေနဲ့ ရိုးရာမပျက် ကပြဖောျ်ြထေားတာ တွေ့ရပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက ဒီဗီဒီယိုဖိုင်လေးမှာ အခြားဟာသဗီဒီယိုလေးတွေကိုလည်း တင်ဆက်ပေးထားသလို ပရိသတ်တွေအရမ်းကို အကြိုက်တွေ့စေမယ့် ဗီဒီယိုလေးလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ အသစ်စက်စက် Tik Tok ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phyu Phyu Htwe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။