ချစ်စဖွယ်အမူအရာလေးတွေနဲ့ ဖြူဖွေးနုဖတ်ပြီး အရမ်းလှတဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကထဲကို သူမ ဆယ်ကျော်သက်အရွယ်ကတည်းက လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ရဲ့ အိမ်နာမည် ကစ် လို့ ခေါ်ကြတာကို ပရိတ်သတ်တွေကပါ ရွှေကစ်လေးဆိုပြီး ချစ်စနိုးခေါ်ကြတာဖြစ်ပါတယ်။ဝတ်မှုံရွှေရည် အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက သူမတူတဲ့အလှတွေနဲ့ တစ်မျိုးလေးမို့ ပရိတ်သတ်တွေက သူမကို သတိထားမိလာတာဖြစ်ပါတယ်။

အခုချိန်မှာဆိုရင်တော့ ရွှေကစ်က အသက် ၃၀ အရွယ်ကိုရောက်ရှိလာတဲ့ ထပ်ဆင့်အကယ်ဒမီကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ဖြစ်နေပါပြီ။သူမက အသက်၃၀အရွယ်ကို ရောက်ရှိနေပေမယ့်လည်း သူမရဲ့ငယ်ရွယ်နုပျိုခြင်းတွေက မရပ်တန့်သွားဘဲ ပိုပိုပြီး လှလာတဲ့ အလှတွေနဲ့ အခုချိန်ထိ လှပနေဆဲဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က ကျောင်းသူကာရိုက်တာကိုသရုပ်ဆောင်ရမယ်ဆိုရင်လည်း သူမရဲ့ နုနယ်သေးတဲ့ ရုပ်ရည်ကြောင့် ပီပြင်နေသေးတဲ့ ဇာတ်ရုပ်ဖြစ်ပါတယ်။  

ဝတ်မှုံရွှေရည်က အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက် ကြိုးစားနေပြီး သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိတ်သတ်တွေရဲ့ရင်ကိုကိုင်လှုပ်နိုင်လို့ အရမ်းကို အောင်မြင်တဲ့ မင်းသမီးတစ်လက်လို့ ဆိုလို့ရပါတယ်။ဝတ်မှုံရွှေရည်က သူမကို ချစ်တဲ့ သူမရဲ့ ပရိတ်သတ်တွေအတွက်လည်း အမြဲတမ်းဦးစားပေးပြီး ဂရုစိုက်တတ်တဲ့သူဖြစ်ပါတယ်။အခုဆိုရင်တော့ ကစ်လေးကိုချစ်တဲ့ ပရိတ်သတ်တွေထဲမှာမှ ၁၀တန်းကျောင်းသားလေးတွေအတွက် အဆင်ပြေချော့မွေ့စွာ ဖြေဆိုနိုင်ပါစေ ဆိုပြီး ဆုတောင်းပေးထားပါတယ်နော်။

Source:Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။