၂၀၁၉ ခုနှစ် မတ်လကတော့ မြန်မာ့လက်ရွေးစင် အသင်းတွေရဲ့ နိုင်ငံတကာ ပွဲစဉ်တွေ တရစပ်ဆိုသလို ကျင်းပနေရတဲ့ ကာလပဲ ဖြစ်ပါတယ်။အာရှပြိုင်ပွဲတွေနဲ့မြန်မာ့လက်ရွေးစင်အသင်းရဲ့ခြေစမ်းပွဲတွေရှိနေတာကြောင့်

မြန်မာပွဲကိုစောင့်မျှော်နေတဲ့ပရိသတ်တွေအတွက်တော့အကြိုက်ပဲဖြစ်ပါတယ်။

မြန်မာယူ၂၂အသင်းဟာလည်းအာရှခြေစစ်ပွဲတွေကိုယှဉ်ပြိုင်ကစားရတော့မှာကြောင့်မြန်မာအသင်း

ပရိသတ်တွေအတွက်တော့ပွဲကောင်းတွေကိုကြည့်ရတော့မှာဖြစ်ပါတယ်။မြန်မာယူ၂၂အသင်းဟာ

အာရှယူ၂၃ခြေစစ်ပွဲမှာအာရှထိပ်သီးဂျပန်အသင်းတို့နဲ့ကစားရမှာဖြစ်တာကြောင့်

သုဝဏ္ဏကွင်းကတော့ပရိသတ်တွေနဲ့အားပေးသံတွေဆူညံနေမှာဖြစ်ပါတယ်။

မန္တလေးကပရိသတ်တွေအတွက်လည်းမြန်မာ့လက်ရွေးစင်အသင်းရဲ့ဖီဖာအသိအမှတ်ပြု

နိုင်ငံတစ်ကာခြေစမ်းပွဲတွေကိုကစားရတော့မှာဖြစ်ပါတယ်။မြန်မာလက်ရွေးစင်အသင်းဟာ

တရုတ်(တိုင်ပေ)၊အင်ဒိုနီးရှားတို့နဲခြေစမ်းပွဲတွေကစားမှာဖြစ်ပြီးယာယီနည်းပြဦးမျိုးမင်းထွန်းရဲ့

စွမ်းဆောင်မှုတွေကိုပရိသတ်တွေစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ထိုင်းလိဒ်မှာကစားနေကြတဲ့

အောင်သူ၊ဇော်မင်းထွန်းတို့လိုကစားသမားတွေပါဝင်မှာဖြစ်တာကြောင့်မြန်မာအသင်း

ပွဲစဉ်တွေကိုအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။