သေခြင်းတရားဆိုတာ လူတွေမြန်ပါတယ်ပြောကြတဲ့ အမြန်ဆုံးကားတွေ တရွေ့ရွေ့ကုန်ဆုံးသွားတဲ့ အချိန်ထက်တောင် မြန်ဆန်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျတ်သွားမှ အမှန်တယ်ဆိုတာ သိကြပါတယ်။ အားကစားသမားတွေလဲ အားကစားလုပ်လို့ အသက်ရှည်ကျန်းမာတယ်ဆိုတာ သိပ်တော့မမှန်ပါဘူး။

အိုလံပစ်ဆုတံဆိပ်ရှင် စက်ဘီးအားကစားမယ် ကယ်လီကက်တလင်းဟာ အသက်(၂၃)နှစ်အရွယ်မှာပဲ သေဆုံးသွား တယ်လို့ အမေရိကန်စက်ဘီးအဖွဲ့ချုပ်က တနင်္ဂနွေနေ့က ကြေညာပါတယ်။ ကယ်လီဟာ(၂၀၁၆)ရီယိုအိုလံပစ်မှာ အမျိုးသမီးအသင်းလိုက်အမီလိုက်ငွေဆုကို အမေရိကန်အသင်းအတွက် ရယူပေးခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆုကို နှစ်ကြိမ်ဆက် ရယူထားပါတယ်။

ကာလီဖိုးနီးယားပြည်နယ်က သူ့ နေအိမ်မှာပဲ မနေ့ညက သေဆုံးသွားခဲ့တာဖြစ်ပြီး သတင်းတွေကတော့ သူမ ဟာ ကိုယ်ကိုယ်ကိုသတ်သေသွားတာလို့ အတိအကျဖော်ပြနေကြပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူမနဲ့ ပတ်သက်ပြီး မီဒီယာတွေထံ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ စုံစမ်စစ်ဆေးမှုတွေသာ ပြုလုပ်နေခဲ့ပါတယ်။

source: the sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။