ကိုးရီးယားကောင်လေးတစ်ယောက်လို ခန့်ညားချောမောပြီး ဝေဖန်မှုတွေကြားထဲကမှ အောင်မြင်မှုတွေရရှိလာခဲ့တဲ့ အဆိုတော် အုပ်စိုးခန့်ကို သိကြမယ်ထင်ပါတယ်နော်။ ဂီတလမ်းကြောင်းပေါ်သို့ "ကိုယ့်ထိုက်နဲ့ကိုယ့်ကံ" သီချင်လေးနဲ့ဝင်ရောက်ခဲ့တာဖြစ်ပြီး လူငယ်ပရိသတ်တွေကြားရေပန်းစား အောင်မြင်ခဲ့တာဖြစ်ပါတယ်။ tik tok video လေးတွေကိုလည်း မကြာခဏပြုလုပ်ဖန်တီးလေ့ရှိပြီး ပရိသတ်ကြီးကြည့်ရှုခံစားရအောင် ဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။

ပထမဦးဆုံးတေးစီးရီးအယ်လ်ဘမ်ဖြစ်တဲ့ "The Number One" သီချင်းခွေဟာဆိုရင်လည်း လူငယ်ပရိသတ်အများအပြားက ဝယ်ယူအားပေးလျက်ရှိတာဖြစ်ပါတယ်။ သိတ်မကြာသေးခင်ကထွက်ရှိထားတဲ့ "အပြစ်မယူ" ကိုယ်ပိုင်တေးသီချင်းဗီဒီယိုလေးဟာဆိုရင်လည်း နွယ်ဒါလီထွန်းနဲ့အတူ သရုပ်ဆောင်ရိုက်ကူးခဲ့တာဖြစ်ပြီး social media လောကမှာ ပရိသတ်တို့ရင်ထဲ ထိုးဖောက်ဝင်ရောက်နေရာယူခဲ့တာလည်းဖြစ်ပါတယ်။ ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး ဝေဖန်တိုက်ခိုက်မှုတွေများစွာခံခဲ့ရပြီးမှ အခုလိုအောင်မြင်ကျော်ကြားလာတယ်ဆိုတာ တစ်ကယ့်ကို လေးစားလောက်ပါတယ် ပရိသတ်ကြီးရေ.....။

အုပ်စိုးခန့်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူရဲ့ အနုပညာလှုပ်ရှားမှု၊ နေ့စဉ်လှုပ်ရှားမှုအမျိုမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ဓာတ်ပုံရိုက်ဝါသနာပါတဲ့ အုပ်စိုးခန့်ကတော့ နှုတ်ခမ်းနီမလေးတွေ ကြွေဆင်းသွားရလောက်အောင် ချောမောပြေပြစ်ပြီး ကင်မရာကိုင်ထားတဲ့ပုံရိပ်လေးတွေကို "I can be your personal photographer"ဆိုတဲ့ status လေးနဲ့တကွ သူရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်......

Source OakSoe Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။