ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ "အရိပ်"၊ "ပုဂံမြို့သူ" စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ထားတဲ့ Mrtv-4 မင်းသမီး မေမြင့်မိုရ်ဟာဆိုရင် အောင်မြင်မှုတွေတစ်ဆပြီးတစ်ဆတိုးပွားလာတာကိုမြင်တွေ့ရမှာပါ...။ ပါးချိုင့်လေးနဲ့အပြုံးချိုသူဖြစ်ပြီး မြင်သူတကာ ယောက်ျားလေးပရိသတ်တွေကို ဆွဲဆောင်ညှို့ယူနိုင်တာပဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်ဆင်လေ့ရှိပြီးကျက်သရေရှိရှိရိုးယဉ်စွာလှပနေတာကိုမြင်တွေ့ရမှာပါ..။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ရုပ်သံဇာတ်လမ်းတွေအတွက်လည်း ကြိုးစားပြင်ဆင်ရိုက်ကူးနေတာကို မြင်တွေ့ရမှာပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှား ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုအားပေးကြရမှာဖြစ်ပါတယ်...။ အခမ်းအနားဖွင့်ပွဲတွေ၊ ပွဲလမ်းသဘင်တွေမှာလည်း သူမရဲ့ချစ်စရာအလွန်ကောင်းသော အလှပုံရိပ်လေးတွေကိုလည်း အမြဲလိုလိုတင်ဆက်ပေးနေတာပါနော်.....။

မေမြင့်မိုရ်ဟာဆိုရင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ ပျံနှံ့မှုအလျင်မြန်ဆုံးဖြစ်တဲ့ facebook ကွန်ယက်တွင်သာ သူမရဲ့လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်တဲ့ အင်းလေးကန်ညောင်ရွှေမြို့ကို ဘုးရားဖူးထွက်ခဲ့တာကို ရှုစားကြရမှာပါ...။ နတ်သမီးတစ်ပါးလို့ထင်ရလောက်အောင် အလွန်ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ "ချစ်ခြင်းတွေနဲ့အင်းလေး." ဆိုတဲ့ status လေးတင်ပြီး သူမရဲ့ official facebook accတွင်ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။