ချစ်ပရိတ်သတ်ကြီးရေ.... တစ်ချိန်တစ်ခါက အနုပညာလောကထဲမှာ တကယ့်ကိုနာမည်ကျော် လူငယ်သရုပ်ဆောင်မင်းသမီးလေး ဖြစ်ခဲ့တဲ့ မိုးယုစံဆိုတာ ပရိတ်သတ်ကြီးရဲ့အချစ်တော်လေးပါနော်။ အိမ်ထောင်ကျပြီးသွားတဲ့နောက်မှာ မိသားစုအတွက် အချိန်ပေးကြိုးစားနေရတာကြောင့်အနုပညာအလုပ်တွေဘက်ကိုမလှည့်နိုင်ပေမယ့် ပရိတ်သတ်တွေကတော့ ချစ်မြဲချစ်ဆဲအားပေးမြဲ ပါပဲနော်။

သူမဟာလက်ရှိမှာလည်း အရမ်းကိုပျော်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်ထားပြီးတော့ သူမကိုအရမ်းချစ် အရမ်းဂရုစိုက်တဲ့ ချစ်ခင်ပွန်းရယ် ချစ်ဖို့ကောင်းတဲ့ သားသားလေး Austin ရယ်ကိုပိုင်ဆိုင်ခွင့်ရထားတဲ့မိခင်လေးတစ်ယောက်လည်ဖြစ်ပါတယ်နော်။သားသားလေးဟာ အမေတူသားလေးပီပီ အရမ်းကိုချစ်ဖို့ကောင်းပြီးတော့ မေမေ့စကားဆိုအရမ်းနားထောင်ပြီး လိမ္မာလွန်းတာကြောင့် ပရိတ်သတ်တွေကလည်း Austinလေးကိုအချစ်တွေပိုနေခဲ့ရပါတယ်နော်။

မေမေမိုးယုစံဟာ မိခင်တစ်ယောက်လို့တောင်မထင်ရအောင် တစ်သားမွေးတစ်သွေးလှဆိုတဲ့စကားအတိုင်း အပျိုပေါက်လေးလိုအခုထိချစ်ဖို့ကောင်းနေဆဲပါပဲနော်။အခုတစ်ခါမှာလည်း ပန်းဆီရောင် ဝမ်းဆက်လေးကို မြန်မာဆန်ဆန် ကျက်သရေရှိရှိလေးဝတ်ဆင်ထားပြီးတော့ ချစ်ခင်ပွန်းရိုက်ပေးတဲ့ ဓာတ်ပုံလေးတွေကို အိုက်တင်လေးတွေပေးပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်နော်။ဒီပုံရိပ်လေးတွေကိုတော့ သူမက သူမရဲ့လူမှုစာမျက်နှာလေးပေါ်ကနေတစ်ဆင့် သူမရဲ့ချစ်ပရိတ်သတ်တွေအတွက်တင်ပေးထားတာကိုတွေ့ရပါတယ်နော်။ ကဲ... မိုးယုစံရဲ့ ဘယ်တော့မှလျော့မသွားတဲ့ အလှတွေနဲ့ ချစ်ဖို့ကောင်းနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။