ရိုးရိုးယဉ်ယဉ်လေးနဲ့ အမြဲလိုလို လှနေတတ်တဲ့ မင်းသမီးချောလေးဖြစ်တဲ့ ခင်လေးနွယ်က အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေပေမယ့် ပရိသတ်တွေနဲ့တော့ အလှမ်းမဝေးတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ တစ်ချိန်က ရုပ်ရှင်လောကမှာ အရည်အချင်းရှိ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို များစွာပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အပြင် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ ယနေ့ချိန်ထိ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

လက်တလောမှာ ခရီးတွေသွားရင်း ဘဝရဲ့ ပျော်ရွှင်မှု အကောင်းဆုံး အချိန်လေးတွေကို ဖြတ်သန်းနေတဲ့ ခင်လေးနွယ်က သူငယ်ချင်းတွေနဲ့ အတူ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ တိုင်းရင်းသူလေးဖြစ်တာကြောင့် သူများနဲ့ မတူပဲ ထူးခြားပြီး လှနေတဲ့ အလှတွေပိုင်ဆိုင်ထားတဲ့ ချစ်စရာမင်းသမီးချောလေးအဖြစ် ပရိသတ်တွေက ယနေ့ချိန်ထိ ဝန်းရံအားပေးနေရသူလေးဖြစ်ပါတယ်။ အားကျရလောက်အောင် ခရီးတွေသွားရင် အလှဆုံးပုံရိပ်လေးတွေကို ရိုက်ပြီး ပရိသတ်တွေကို ရင်တွေခုန်အောင် ဖမ်းစားထားတဲ့ သူလေးဖြစ်ပါတယ်။

မကြာမီမှာ ကျရောက်တော့မယ့် မြန်မာတွေရဲ့ နှစ်သစ်ကူးအချိန်သမလေးဖြစ်တဲ့ သင်္ကြန်ပွဲတော်ကြီးမှာ အမြဲ သစ္စာရှိရှိပွင့်တတ်တဲ့ ပိတောက်ပန်းလေးတွေကို ဦးဦးဖျားဖျားပန်းရင်း မြန်မာဆန်ဆန် ရင်ဖုံ အင်္ကျီလေးနဲ့ အရမ်းကို လှနေတဲ့ မမ ခင်လေးနွယ်ရဲ့ အလှပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ အဖော်အချွတ်တွေမပါပဲ မြန်မာ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတွေကို မြင်တွေ့ရမယ့် မမ ခင်လေးနွယ်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။

Source: Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။