မြန်မာလက်ရွေးစင်အသင်းနဲ့တူတူအောင်မြင်မှုတွေဆွတ်ခူးပြီးပရိသတ်တွေရဲ့အချစ်တော်ကစားသမားတစ်ယောက်ဖြစ်နေရတာကတော့ကျော်ကိုကိုပဲဖြစ်ပါတယ်။သူရဲ့တောင်းတင်းတဲ့ခန္ဓာကိုယ်နဲ့အားပြင်းတဲ့သွင်းဂိုးတွေကြောင့်မြန်မာအသင်းကိုအောင်မြင်မှုတွေဆွတ်ခူးပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေရတာပါ။

မိခင်ကလပ်ရန်ကုန်ယူနိုက်တက်အသင်းမှာလည်းအထူးခြေစွမ်းပြဂိုးတွေသွင်းယူပြီးပရိသတ်တွေအချစ်ကိုအပြည့်ရထားတာဖြစ်ပါတယ်။ရန်ကုန်အသင်းရဲ့အာရှပွဲတွေမှာလည်းအကောင်းဆုံးခြေစွမ်းပြဂိုးတွေသွင်းနိုင်တာကြောင့်ပြိုင်ဘက်အသင်းတွေကြောက်ကတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။

သူကတော့မနှစ်ကထိုင်းပရီးမီးယားလိဒ်ကလပ်ကိုပြောင်းရွေ့ခဲ့ပြီးရာသီအစမှာပဲဒဏ်ရာကြောင့်တစ်ရာသီလုံးလွဲချော်ခဲ့ရသူပါ။ဒီနှစ်မှာတော့မိခင်ကလပ်ကိုပြန်ရောက်လာပေမယ့်လည်းထိုင်းထိပ်သီးကလပ်တစ်ခုကကမ်းလှမ်းခဲ့သောကြောင့်ထိုင်းမှာဒုတိယရာသီအဖြစ်ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းတွေကိုအားပေးနေတဲ့ပရိသတ်ကြီးအတွက်လည်းသူရဲ့တစ်ချိန်ကအောင်မြင်ခဲ့တဲ့ခြေစွမ်းvideoလေးကိုတင်ဆက်ပေးလိုက်ကပါတယ်။

source:Yangon United 12th Players

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။