တေးသံရှင် အဆိုတော် နီနီခင်ဇော် ဟာ "Melody World 2008" ခုနှစ်ရဲ့ winner ဆုရှင် ပြိုင်ပွဲတစ်ဦးဖြစ်ပြီး သူမလျှောက်လှမ်းလာတဲ့ ဂီတလမ်းဟာ အချိန်ကာလ မကြာသေးဘူးလို့ ထင်ရပေမဲ့လဲ (၁၀) စုနှစ်ကျော်လာပြီဖြစ်ပါတယ်။ အသံပါဝါကောင်းလွန်းတဲ့ သူမရဲ့ ပါရမီကြောင့် ယနေ့တိုင် အောင်မြင်မှု ကိုထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သလို သူမရဲ့ အနုပညာလျှောက်လမ်ကလည်း ဖြောင့်ဖြူး နေဆဲဖြစ်ပါတယ်။

နီနီခင်ဇော်ကတော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုတေးသံရှင်တစ်ဦးအဖြစ် နိုင်ငံတကာမှာလည်း ဆုတွေရယူသိမ်းပိုက်ပေးနိုင်ခဲ့သလို တေးသံရှင်တစ်ယောက်အဖြစ် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအစြဖ်လည်း ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ သူမရဲ့ သီချင်းလေးတွေဟာ ခံစားချက်တွေကို ထိရှစေလာက်အောင် အဓိပ္ပာယ်ရှိလွန်းပြီး အရမ်းကို ရေပန်းစားပါတယ်။ 

ယနေ့မှာတော့ နီနီခင်ဇော်နဲ့ မြတ်နိုအေးတို့နှစ်ယောက် ဟာ အမွှာတွေအလားအောက်မေ့ရအောင်ရုပ်ချင်းဆင်လွန်းတာကြောင့် သူမတို့နှစ်ယောက်ကိုယ်တိုင်အောင် အံအားသင့်ခဲ့ရပါတယ်။ ချစ်ပရိသတ်တွေလု ရုပ်ချင်းဆင်လွန်းလို့ ကိုယ်တိုင်အံအားသင့်ခဲ့ရပြီး နီနီကတော့ " ဘယ်သူက နီနီ လဲဘယ်သူက မြတ်နိုးအေး လဲဖြေပါ" ဆိုပြီး ရေးသားထားပါတယ်။

source: နီနီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။