ပရိသတ်တွေကြားရေးပန်းစားနေတဲ့ ၇၃ နှစ်အရွယ် အဘိုးအိုတစ်ဦးရဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမှုကတော့ တကယ်ကို အားရစရာဖြစ်စေခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူတွေအတွက် အားဆေးတစ်ခုဖြစ်သလို ပြည်တွင်း ပရိသတ်တွေအတွက်လည်း အံ့အားသင့်စရာဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ အဘိုးရဲ့နာမည်ကတော့ ဦးစိုင်းအောင်ညွန့်ဖြစ်ပြီး အသက် ၇၃ နှစ်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။   

အဆိုပါ အဘိုးအိုကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းမှာ သွားရောက်ဖြေဆိုခဲ့ရကြောင်း သိရပါတယ်။ အသက်အရွယ်ကြီးရင့်သူတစ်ယောက်ဖြစ်ပေမယ့် ပြည်သူများစွာရဲ့ ချီးကြူးဂုဏ်ပြုမှုတွေ ကိုယ်တိုင် ရဲရင့်တဲ့ သတ္တိရှိမှုတွေကြောင့် ဒီကနေ့ ၆ရက်မြောက်ဘာသာကိုလည်း အကောင်းဆုံးဖြေဆိုနိုင်ခဲ့ကြောင်းသိရပါတယ်။   

ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာဖြေဆိုတဲ့ ဘာသာကိုလည်းအခတ်အခဲမရှိဖြေဆိုနိုင်ခဲ့ပြီး အောင်မြင်မှုရရှိဖို့ယုံကြည်ကြောင်းသိရပါတယ်။ ပြီးဆုံးသွားပြီဖြစ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ခြောက်ဘာသာစလုံးကို ယုံယုံကြည်ကြည်ဖြင့် လာရောက်ဖြေဆိုခဲ့တဲ့ ၇၃ နှစ်အရွယ်အဘိုးအိုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - TAR TAY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။