အာစီယံနိုင်ငံတွေရဲ့ဘောလုံးအဆင့်အတန်းကတော့တဖြည့်ဖြည့်နဲ့အဆင့်တန်းမြင့်လာခဲ့ပြီဖြစ်ပါတယ်။အာရှထိပ်သီးအသင်းတွေကိုတောင်ရင်ဆိုင်နိုင်တဲ့အင်အားတွေရှိလာပြီဖြစ်ပါတယ်။တစ်ချိန်ကအာစီယံရဲ့အင်အားနည်းအသင်းတွေကတော့ခုဆိုရင်ပိုကောင်းတဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်လာခဲ့ပြီးအသင်းကြီးတွေကိုခုခံကစားနိုင်တဲ့ခြေစွမ်းတွေပိုင်ဆိုင်ထားကြတာပါ။

အာစီယံဒေသတွင်းမှာဘောလုံးပြိုင်ပွဲတွေကိုအများဆုံးကျင်းပလာတာနဲ့အမျှပရိသတ်တွေလည်းအများအပြားအားပေးလာကြတာဖြစ်ပါတယ်။အားပေးလာကြတဲ့ပရိသတ်တွေများလာတာနဲ့အမျှဘောလုံးကွင်းတွေလေ့ကျင့်ရေးကွင်းတွေကလည်းအရေးကြီးလာတာပါ။နိုင်ငံတကာအဆင့်မှီကွင်းတွေလေ့ကျင့်ကွင်းတွေရှိမှထိပ်သီးပြိုင်ပွဲတွေကိုကျင်းပခွင့်ရှိတာဖြစ်တာကြောင့်ဘောလုံးအားကစားဖွင့်ဖြိုးတဲ့နိုင်ငံတွေကကစားကွင်းတွေကိုဆောက်လုပ်နေကြတာပါ။

ခုမှာတော့ဘောလုံးလောကမှာအရှိန်ဟုန်ပြင်းပြင်းနဲ့တိုးတက်လာတာကတော့ကမ္ဘောဒီးယားအသင်းပဲဖြစ်ပါတယ်။သူတို့ကတော့ဂျပန်နာမည်ကြီးဟွန်ဒါကိုတောင်နည်းပြခန့်အပ်ပြီးရေရှည်စီမံကိန်းတွေအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။သူတို့ကတော့ဘောလုံးပွဲတွေကိုအိုလံပစ်အားကစားကွင်းမှာကျင်းပနေတာဖြစ်ပြီးသိပ်မကြာခင်နှစ်တွေအတွင်းမှာတော့သူတို့ရဲ့နိုင်ငံတကာအဆင့်မှီကွင်းကြီးတစ်ခုထွက်ပေါ်လာတော့မှာပါ။ပရိသတ်တွေအတွက်လည်းအားကျစေဖို့မကြာခင်ပြီးဆုံးတော့မယ့် ကမ္ဘောဒီးယားအသင်းရဲ့အိမ်ကွင်းသစ်ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:cambodia football stadium

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။