Justin Bieber တစ်ယောက်ဟာဆိုရင်တော့ ခုချိန်မှာ သူနဲ့ Hailey တို့ရဲ့ မင်္ဂလာဆောင်ရမဲ့ကိစ္စအတွက်နက် တော်တော်လေးကို အလေးအနက်ထားကာ ကြိုးပမ်းနေတာကို တွေ့ရှိရပါတယ်။ သူဟာ ပျော်နေပေမဲ့လဲ လက်ထပ်ရမဲ့ကိစ္စအတွက် အရမ်းကို အလေးအနက်ထားကာ စိတ်ထဲအရမ်းနှစ်ထားပါတယ်။ အဲ့လိုတွေကြောင့်လဲ သူရဲ့မျက်နာက စိတ်ဖိစီးနေသလိုဖြစ်ရတာပဲဖြစ်ပါတယ်။ သူဟာလဲ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အရမ်းရုန်းကန်းနေရကြောင်းကို ဖွင့်ပြောခဲ့ပါတယ်။  

အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော်အဆိုတော် Justin Bieber ဟာ အင်္ဂါနေ့က Instagram ပေါ်ကို အသက်၂၂နှစ်ရှိတဲ့ Hailey နဲ့အတူရိုက်ထားတဲ့ ချစ်ဖို့ကောင်းတဲ့ Video ကိုတင်ခဲ့ပါတယ်။ Video ထဲမှာဆိုရင် တော်တော်ကို ချစ်ကြည်နူးနေတာကို တွေ့ရှိရပါတယ်။ သူတို့နှစ်ယောက်က ခုချိန်မှာ ခရီးထွက်နေကြတာဖြစ်ပါတယ်။ Video ထဲမှာ သကြားခဲလေးလို ချိုသာတဲ့ အခိုက်အတန့်က ဘယ်ကစလဲဆိုတော့ Hailey ကသူကို အဆက်မပြတ်နမ်းတဲ့အချိန်ကစတာပါပဲ။ 

သူဟာပျော်ပေမဲ့လဲ မျက်နာအနေအထားကတော့ ပျော်ရွှင်မှုတွေပျောက်ဆုံးနေသလို ဟန်ဆောင်အပြုံးပြုံးထားသလို ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလဲ သူအရမ်း ရုန်းကန်းနေရကြောင်းကို ပြောပြခဲ့ပါတယ်။ Hailey နဲ့ Justin Bieber တို့ရဲ့အချစ်က လူတွေအမြင်မှာ နားလည်ရခတ်နေပေမဲ့ နှစ်ယောက်က တကယ်ကိုချစ်ကြပါတယ်။ JB ဟာဆိုရင်လဲ ပရိသတ်တွေကို တော်တော်များများ ရင်ဖွင့်ပြောဆိုသလို Instagram မှာရေးတင်ခဲ့ပါသေးတယ်။ တစ်ယောက်နဲပတစ်ယောက်ကတော့ ဘယ်တော့မှထားမသွားကြပါဘူးလို့ အတွင်းသတင်းသမားတွေကပြောပြခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။