ပရိသတ်တွေရဲ့ရင်ထဲကို နှစ်ပေါင်းများစွာစိုးမိုးသိမ်းပိုက်ခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ နန္ဒာလှိုင်ဟာဆိုရင် လက်ရှိမှာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်နေပြီ ပျော်ရွှင်စရာမိသားစုဘဝလေးမှာ ချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို အေးအေးလူလူဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီး မိသားစု အတွက် အချိန်အပြည့်အဝပေးလိုက်တာပဲဖြစ်ပါတယ်။

အိမ်ထောင်သက်ဆယ်နှစ်ကျော်သည့်တိုင် ဇနီးသည်ကို သိပ်ချစ်ပြီး မိသားစုကိုတန်ဖိုးထား တဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားသူမို့ အိမ်ထောင်ရေး ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ အလှူကြီးအတန်းကြီးတွေလည်း မကြာခဏပေးတတ်ပြီး အလှူရေစက်လက်နဲ့မကွာ လှူနိုင် တန်းနိုင် တဲ့ ကြည်နူးစရာ မိသားစုလေးပဲဖြစ်ပါတယ်။ ဝဒီ နဒီနဲ့ မဒီဆိုတဲ့ ချစ်စဖွယ်သမီးလေး သုံးယောက်ဟာလည်း ဖေဖေနဲ့ မေမေရဲ့ အချောအလှတွေကို အပြည့်အဝသိမ်းပိုက်ထားကြ သူတွေပါပဲ။

ပြီးခဲ့တဲ့ရက်က နန္ဒာလှိုင်တစ်ယောက် သမီးအငယ်ဆုံးလေး ငိုနေတဲ့ပုံလေးကို Live လွှင့် လိုက်တာကြောင့် ပရိသတ်တွေကဝိုင်းဝန်းမေးမြန်းကြတဲ့ အခါမှာတော့ " အမေဟိုတုန်းက ရိုက်ထားတဲ့ချစ်မမသို့ဆိုတဲ့သီချင်းကြည့်ပြီးငိုတာ မေမေကဟိုဦးဦးကိုဘာလို့ချစ်တာလဲတဲ့ ပြီးတော့နှင်းဆီပန်းကို လဲပစ်ချလိုက်တယ်တဲ့ သူ့အမတွေပြောပြတာ " ဆိုပြီး ပြန်လည်ပြောပြ ထားတာပဲဖြစ်ပါတယ်။ အရမ်းချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့မယ်ထွေးလေးရဲ့ ချစ်စဖွယ် Live Video လေးကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။