သူကတော့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံထားရသူ တစ်ဦးပဲဖြစ်ပါတယ်။

အရင်က ဗာတီကန် ဘဏ္ဍာထိန်းဟောင်း ကာဒီနယ် ဂျော့ချ်ပဲလ် ကတော့ ယနေ့မှာ သြစတြေးလျ တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်မှုကို ခံခဲ့ရပြီလို့သိရပါတယ်။

သတင်းတပုဒ်အရဆိုရင်တော့ အရင်က ကက်သလစ်ဘုန်းတော်ကြီးတစ်ဦးဖြစ်တဲ့ ကာဒီနယ်ဂျော့ချ်ပဲလ်ဟာ ၁၉၉၆ နှောင်းပိုင်းနဲ့ ၁၉၉၇ အစောပိုင်းကာလ စိန့်ပက်ထရစ်ဘုရားကျောင်းမှာ ခရစ်ယာန်ဂိုဏ်းချုပ် ဖြစ်တုန်းက အသက် ၁၃ နှစ်အရွယ် လူငယ်နှစ်ဦးကို အခန်းတွင်းနဲ့ လူသွားစြင်္ကမှာ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သို့ပေမယ့်လက်ရှိအချိန်မှာတော့ ၎င်းအမျိုးသား ကာဒီနယ်ဂျော့ချ်ပဲလ်ဟာ သြစတြေးလျ တရားရုံးရဲံ ထောင်ဒဏ် ၆ နှစ်ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရပြီပဲဖြစ်ပါတယ် လို့သိရပါတယ်။

source -dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။