နိုင်ငံခြားမှာ ပညာ သွားသင်ကြတဲ့ မြန်မာလူငယ်တွေတော်တော်များများဟာပြန်လာတာနဲ့ မိမိတို့ရဲ့ ဘာသာစကားကို မေ့ပြီးပြန်လာကြပါတယ်။ အဲ့ဒါဟာသူတို့ အပြစ်လို့ ပြောလို့မရသော်လည်း အပြစ်မဟုတ်ဘူးလို့လဲ ပြောလို့ မရပါဘူး။ မိမိတို့ဘာသာစကားကို ထိန်းသိမ်းရမှာ ကိုယ့်တာဝန်လေ။ သို့သော်လည်း 7days က ဂရေဟမ်နှင့် ပန်းရောင်ခြယ်ကို Wake Up Daddy အကြောင်း အင်တာဗျူလုပ်တဲ့ အခါမှာပြောလိုက်တဲ့စကား တစ်ခွန်းက.....

သမီးက သြစီမှာနေတာကြာတော့ မြန်မာစကားမပြောတက်တော့ ဘူး ဆိုတဲ့ စကားတစ်ခွန်းက မြန်မာ လူမျိုး တစ်ယောက်မနေနှင့်တော့ သိပ်ပြီးဘဝင် မကျလှပါဘူး။ စကားမှားသွားတဲ့ ဂရေဟမ်အစား သူ့ သမီးက ဒီလိုပြန်ဖြေရှင်းထားပါသတဲ့။

'သြစတေးလျမှာ ၁နှစ်ခွဲသွားနေလိုက်တာ မြန်မာစကားမပြောတတ်တော့ဘူး လို့ပြောတဲ့ comment လေးတစ်ခုကို reply လုပ်ထားတာပါ ..

ပန်းရောင်ရဲ့ အသက် ၃ နှစ်ခွဲလောက်မှာ ILBC မှာကျောင်းစတက်ပါတယ် .. ၁၀ နှစ်ခွဲ ၁၁ လောက်မှာ မိသားစုနဲ့အတူ သြစတေးလျကို ကျောင်းတက်ဖို့ ထွက်သွားပါတယ် .. ၆ တန်းကနေစတက်ခဲ့ပါတယ် .. သြဇီမှာ ၄ နှစ်ကြာပြီး daddy ကျောင်းပြီးတော့ daddy ရယ် mummy ရယ် ညီမလေး ရယ်ကမြန်မာပြည်ကိုပြန်လာပါတယ် .. ပန်းရောင်က အထက်တန်းကျောင်းလည်းပြီးအောင်တက်ချင်တယ် တက္ကသိုလ်လည်းဆက်တက်ချင်တဲ့အတွက်ကြောင့် အဆောင်နေပြီးကျန်ခဲ့ပါတယ် .. St. Brigid's College ကက်သလစ် မိန်းကလေးအထက်တန်းကျောင်းမှာ အဆောင်နေပြီးကျောင်းပြီးအောင်တက်ခဲ့ပါတယ် .. သြစတေးလျမှာ primary school ၆ တန်းကနေ high school ၁၂ တန်းအထိတက်ခဲ့ပါတယ် .. ပန်းရောင်အခု အသက် ၂၀, University of Western Australia (UWA) တက္ကသိုလ် မှာ, Architecture တက်နေပါတယ် .. တက္ကသိုလ်ကိုလည်း တက္ကသိုလ်ရဲ့အဆောင်တစ်ခုဖြစ်တဲ့ St. Catherine's College မှာနေရင်းတက်ပါတယ် .. သြဇီမှာနေတုန်း မိဘနဲ့ဖုန်းပြောတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ပန်းရောင် အင်္ဂလိပ်လိုဘဲပြောရပါတယ် .. သူငယ်ချင်းတွေ ကျောင်းကဆရာဆရာမတွေ လမ်းမှာတွေ့တဲ့သူတွေ .. တက္ကသိုလ်အဆောင်မှာလဲမြန်မာလူမျိုးဆိုလို့ ပန်းရောင်ရယ် နောက် စင်္ကာပူကနေကျောင်းလာတက်တဲ့မြန်မာမိန်းကလေးတစ်ယောက်ရယ်ဘဲရှိပါတယ် .. နေ့စဉ်နဲ့အမျှ English လိုဘဲအဓိကပြောလာရတာကြာတော့ ပြန်ရောက်ရောက်ချင်းကတော့မြန်မာစကားကိုလူကြီးတစ်ယောက်လို ရင့်ရင့်ကျက်ကျက် ပိုင်ပိုင်နိုင်နိုင်မပြောနိုင်ပေမယ့် အခုပြောလာနိုင်တယ်လို့ထင်ပါတယ် .. နှစ်နေရာလုံးမှာနေရတာပျော်ပါတယ် ဒါပေမဲ့ မြန်မာပြည်မှာတော့သေချာပေါက်ပိုပျော်ပါတယ် .. အခု ပန်းရောင်က တက္ကသိုလ်ကနေခွင့်ခဏယူထားပါတယ် .. ဒီမှာသေချာအချိန်ယူပြီး တကိုယ်တော်အခွေလေးကိုပြင်ဆင်ချင်လို့ပါ .. မြန်မာသီချင်းတွေရော အင်္ဂလိပ်သီချင်းတွေရော ကြိုက်လည်းကြိုက်တယ် ကြိုးစားပြီးတော့လည်း ဖန်တီးသီဆိုသွားချင်ပါတယ် .. ကျေးဇူးပါ' ဟူ၍ဖြစ်ပါတယ်။

သမီးဖြစ်သူက ပြန်လည်ဖာတေးသွားသော်လည်းမေးခွန်းထုတ်စရာ တစ်ခုရှိပါတယ်။ ဒီ စာ ကို မြန်မာစာ သိပ်မပြောတက်တော့ တဲ့ ပန်းရောင်ခြယ်ရေး ခဲ့တာလား? ဒါမှမဟုတ်ဘယ်သူ အစားရေးပေးခဲ့တာလဲ ဆိုတာကိုတော့.....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။