ပထမအကျော့တုန်းက အက်သလက်တီကိုရဲ့ အိမ်ကွင်းမှာ ရော်နယ်ဒိုရဲ့ ဂျူပီတပ်စ်ဟာ ၂ဂိုးပြတ်နဲ့ ရှုံးခဲ့ပါတယ်။ အဆိုပါပွဲမှာ ပြောစရာဖြစ်ခဲ့တာက အက်သလက်နည်းပြရဲ့ SEXYဆန်ဆန်ငယ်ပါကို လက်နဲ့အုပ်ကာ အောင်ပွဲခံခဲ့ပါတယ်။ အဆိုပါအောင်ပွဲခံခဲ့ပုံကို ရော်နယ်ဒိုရဲ့ ပရိသတ်တွေက မကြိုက်ခဲ့ပါဘူး ။

အက်သလက်တီကိုကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက် ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ကျော့ပေါင်းရလဒ် (၃-၂) နဲ့ အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုက ဟက်ထရစ်သွင်းယူကာ အသင်းကို ကွာတားဖိုင်နယ် ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ 

ပထမအနိုင်ရရှိခဲ့စဉ်တုန်းက အက်သလက်နည်းပြရဲ့ လှောင်ပြောင်မှုကို ရော်နယ်ဒိုက ဂိုးသွင်းပြီး ပြန်လည်ဂလဲ့စားချေခဲ့ပြခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝဋ်ဆိုတာ ချက်ချင်းလည်ကြောင်းသက်သေပြခဲ့ပြီး ပြိုင်ဖက်ကစာသမားတွေရဲ့ လှောင်ပြောင်မှုကို ပြန်လည်ဂလဲ့စားချေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: THE SUN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။