တစ်ခေတ်တစ်ခါကနာမည်ကြီးအဆိုတော်ဖြစ်တဲ့ မိုင်ဟာ သူ့ခြေရာကိုနင်းမယ့် ချစ်သမီးလေးရတနာမိုင်ကို လူ့လောကမှာနိုင်ငံကျော် အဆိုတောက်တစ်ယောက်အဖြစ်ပြုစုပျိုးထောင်ထားတာဖြစ်ပါတယ်။ ရတနာမိုင်ဟာဆိုရင်လည်း လူငယ်ပရိသတ်တွေရဲ့ရင်ထဲအသည်းထဲကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ တေးသီချင်းလေးများစွာကို ဖန်တီးပြုလုပ်နိုင်ခဲ့တာကို ပရိသတ်ကြီးအနေနဲ့မြင်တွေ့ရမှာပါ...။ အခုနောက်ပိုင်းမှာဆိုရင်တော့ ရတနာမိုင်ဟာ အဆိုတော်အလုပ်သာတင်မဟုတ်ပဲ အနုပညာလောကမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ပါ အောင်မြင်စွာရပ်တည်နေပြီပဲဖြစ်ပါတယ်...။

ပရိသတ်အချစ်တော် မင်းသားဟိန်းဝေယံကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုလောကရဲ့ နာမည်ကြီးလူကြိုက်များသောမင်းသားဖြစ်ခဲ့ပြီး အခုအချိန်ထိ အောင်မြင်မှုတွေဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသားလောကမှာ ခေတ္တရပ်နားသွားပင်မဲ့ သိတ်မကြာခင်ရက်ပိုင်းအတွင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်သံဇာတ်လမ်းတွေအတွက်ပါ လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "ချစ်ခြင်းအလင်္ကာ"ဇာတ်ကားကို သရုပ်ဆောင်မင်းသမီး ရတနာမိုင်နဲ့အတူ ရိုက်ကူးနေတာကိုရှုစားကြရမှာပါ....။

"ချစ်ခြင်းအလင်္ကာ" ဇာတ်ကားမှာဆိုရင်တော့ ဟိန်းဝေယံ၊ ရတနာမိုင်၊ ခင်မို့မို့အေး၊ ဇော်ဦးစတဲ့ ဝါရင့်အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒါရိုက်တာ ဇော်မျိုးက ရိုက်ကူးပုံဖော်ထားတာပါ....။ ရတနာမိုင်ဟာဆိုရင် သူမရဲ့လှုပ်ရှားမှုတိုင်းကို ပရိသတ်တွေသိရှိရအောင် အမြဲလိုလိုတင်ဆက်ပေးလေ့ရှိတာဖြစ်ပြီး အခုတစ်ခါမှာဆိုရင်လည်းရိုက်ကွင်းပေါ်က ငိုရမယ့်အခန်းက ရယ်စရာဖြစ်သွားတဲ့ ဗီဒီယိုဖိုင်လေးကို "ဒီနေ့ ရိုက်ကွင်းမှာပျော်စရာ ရီနေရတယ် အဟေး အခွီတလိုင်း ငိုရမဲ့ဟာက ရီနေရလို့" ဆိုတဲ့ status လေးနဲ့တကွ မျှဝေထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်းကြည့်ရှုအားပေးသွားကြပါဦးနော်....။

Source Yadanar My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။