ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိဒ်၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေမှာ

တော့အင်္ဂလန်နာမည်ကြီးလီပါပူးအသင်းကအဝေးကွင်းမှာအနိုင်ရပြီးကွာတားဖိုင်နယ်ကို

တက်ရောက်သွားခဲ့ပါတယ်။ဂျာမန်ထိပ်သီးတစ်သင်းလည်းဖြစ်ချန်ပီယံလိဒ်ဗိုလ်လုပွဲကိုအကြိမ်ကြိမ်တက်

ရောက်ထားနိုင်တဲ့ဘိုင်ယန်အသင်းကတော့အိမ်ကွင်းမှာအကောင်းဆုံးကစားသွားခဲ့ပေမယ့်

ပါပူးအသင်းတိုက်စစ်တွေကိုမယှဉ်နိုင်ပဲ(၃-၁)ဆိုတဲ့ရလဒ်နဲ့အရှုံးပေးခဲ့ရပါတယ်။

ထိပ်သီးနှစ်သင်းတွေ့ဆုံမှုဖြစ်တာကြောင့်ပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပြီး

အကြိတ်အနယ်ရှိခဲ့ပါတယ်။ဘိုင်ယန်အသင်းကတော့ထိပ်သီးအသင်းတစ်သင်းပီပီလျှင်မြန်တဲ့

ကစားကွက်တွေနဲ့တိုက်စစ်ဆင်ခဲ့ပေမယ့်ပါပူးအသင်းနောက်တန်းကလည်းအကောင်းဆုံးအံတုရှင်း

ထုတ်မှုတွေကြောင့်ခုလိုနိုင်ပွဲတစ်ပွဲကိုရခဲ့တာဖြစ်ပါတယ်။

ပါပူးအသင်းဟာအဆိုပါနိုင်ပွဲကြောင့်ကွာတားဖိုင်နယ်ကိုတင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ပရီးမီးယားလိဒ်

မှာလည်းအမှတ်ပေးချန်ပီယံဆုအတွက်အပြိုင်အဆိုင်ဖြစ်နေတာကြောင့်ပါပူးအသင်းရဲ့

ဖလားမျှော်မှန်းချက်တွေပိုမိုရှင်သန်လာခဲ့ပါတယ်။ခုကျင်းပပြီးခဲ့တဲ့၁၆သင်းရှုံးထွက်အဆင့်အ

ပြီးမှာတော့အင်္ဂလန်ကိုယ်စားပြုအသင်း၄သင်းလုံးကကွာတားတက်နိုင်ခဲ့ပြီးအင်္ဂလန်အသင်း

တွေနဲ့ဂျာမန်အသင်းတွေ့ဆုံမှုမှာအသာရခဲ့ပြီဖြစ်ပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။