သရုပ်ဆောင် လူမင်းကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေတဲ့ ဝါရင့်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ပါ ဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ လူမင်းက လက်ရှိမှာလည်း ဆန်ဖရန်စစ္စကိုမှာ ရုပ်ရှင်ဇာတ်ကားကြီး သွားရောက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သားတစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ လူမင်းက အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

လူမင်းရဲ့ ကလေးတွေဖြစ်ကြတဲ့ သမီးကြီး ဧရာဝတီလူမင်းနဲ့ သားငယ်လေး ဧဝရတ်လူမင်းတို့နှစ်ယောက်ကတော့ အရမ်းကို ယဉ်ကျေးလိမ္မာလွန်းလို့ အားလုံးက ဝိုင်းချစ်ခံနေရတာ ဖြစ်ပါတယ်။ မိဘစကားနားထောင်တဲ့အပြင် လူကြီးသူမတွေအပေါ်မှာ ကူညီရိုင်းပင်းတတ်ကြသလို ဘာသာရေးနဲ့ပတ်သတ်ပြီးတော့လည်း ဘုရားတရားကိုင်းရှိုင်းကြတဲ့ ကလေးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့မောင်နှမနှစ်ယောက်က အင်္ဂလိပ်ကျောင်းမှာ ပညာသင်ကြားနေကြတာဖြစ်ပြီး ပညာရေးမှာလည်း ထူးချွန်ကြပါတယ်။

ငယ်ငယ်လေးကတည်းက ရန်မဖြစ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် နေလာကြတဲ့ ဧရာဝတီလူမင်းတို့ မောင်နှမကတော့ ပရိသတ်တွေရဲ့ရှေ့မှာတင် တဖြည်းဖြည်း အရွယ်ရောက်လာကြတာ တွေ့ရပါတယ်။ အခုလည်း လူမင်းက သားနဲ့သမီးရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လူမင်းရဲ့မျိုးဆက်သစ်လေးတွေဖြစ်တဲ့ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်းတို့ မောင်နှမရဲ့ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ayarwady Lu Min;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။