ဂီတလောကမှာ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့ မိုးမိုးကို ပရိသတ်တွေသိမယ်လို့ ထင်ပါတယ်။ မိုးမိုးရဲ့ သီချင်းတွေက ယခင်ကတည်းက ပရိသတ်တွေပါးစပ်ဖျားမှာ စွဲနေအောင် အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်တဲ့ အပြင် တေးစီးရီးခွေများစွာကို ဖန်တီးပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ အိမ်ထောက်ကျပြီးတဲ့ နောက်ပိုင်းမှာတော့ သီချင်းအသစ်တွေထပ်မလုပ်ဖြစ်တော့ တဲ့ မိုးမိုးက ချစ်စရာကောင်းတဲ့ မိသားစုလေးအတွက် အချိန်ပေးရင် တစ်နိုင်တစ်ပိုင် အနုပညာအလုပ်တွေကိုလည်း ဆက်လက် လုပ်ကိုင်လျက်ရှိနေဆဲပါ။

လက်ရှိမှာဆိုရင် ဖျော်ဖြေပွဲတွေကို အားကြိုးမာန်တက် လက်ခံဖျော်ဖြေပေးလျက်ရှိပြီး ပရိသတ်တွေနဲ့ အချစ်တွေကို ဆက်လက် သိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင် ပရိသတ်တွေအားကျရလောက်တဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ အဖေတူသမီးလေးဖြစ်တဲ့ ဆိုဂျူးလေးကို လည်း မွေးဖွားခဲ့ပြီဖြစ်ပါတယ်။ ယခုဆိုရင် ဆိုဂျူးလေးက ၁နှစ်ကျော်အရွယ်ကို တောင်ရောက်ရှိနေပြီဖြစ်ပြီး ဖေဖေ မေမေ တို့ အသည်းယားလောက်အောင် အမူအယာလေးတွေလည်း လုပ်ပြတတ်နေပါပြီ။

အဖေ ဖြစ်သူ မိုးမိုးရဲ့ ကိုယ်ပွားလေးလို့ ပြောရအောင် တစ်ပုံထဲတူတဲ့ ဆိုဂျူးလေးက ရိုက်ကွင်းတစ်ခုမှာ ဦးဦး နေတိုးလက်ပေါ်မှာ ငြိမ်နေလို့ အံ့သြနေခဲ့ရတာပါ။ ဆိုဂျူးလေးက ဦးဦးနေတိုးရဲ့ ချောမောပြေပြစ်တဲ့ ရုပ်ရည်ကို တောင်ငေးမောသွားတဲ့ အသည်းယားစရာကောင်းတဲ့ ပုံလေးကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ နေတိုးနဲ့ အတူ အပြန်အလှန် အပြုံးတွေ ဖလှယ်ရင်း ပျော်ရွှင်နေကြတဲ့ ဆိုဂျူးလေးရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။

Source: Moe Sithu Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။