မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ ်မတ်လ ၁၄ရက်နေ့မှာလည်း ပုသိမ်ကြီးမြို့နယ်အတွင်း ကြောက်စရာမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။        

အဆိုပါ မီးလောင်မှုကတော့ ပုသိမ်ကြီးမြို့နယ် မန္တလေး- ပြင်ဦးလွင်လမ်းဘေး သမ္မတော်ကျေးရွာမှာ လောင်ကျွမ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယင်းမီးလောင်မှုကတော့ မကြာသေးမီလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်ဌာနနှင့် ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူများ သွားရောက် ငြိမ်းသတ်ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်မှုကို LEVEL 3 အဆင့်ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း ကနဦးသတင်းများအရသိရပါတယ်။ 

ကြောက်စရာ မီးလောင်မှုကြောင့် လူနေအိမ် ၁၀ ကျော်မီးလောင်ကျွမ်းခဲ့ပြီး ဆုံရှုံးမှုတန်ဖိုးများစွာရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိမီးလောင်ကျွမ်းမှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်လမ်းဘေးသမ္မတောကျေးရွာမီးလောင်မှု ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

PHOTOS - THAN HTAY 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။