" မပြတ်သေးဘူး ... ရေစီးကြောင်းလေးအား ဓါးနဲ့ ဖြတ်ပြတ်ပါ့မလား မတွေးရဲဘူး ... "

ဆိုတဲ့သီချင်းလေးကို ဖခင်နဲ့အတူ စင်ပေါ်မှာသီဆိုရင်း ပရိတ်သတ်တွေကိုဖျော်ဖြေခဲ့တဲ့

ဆယ်ကျော်သက်အရွယ် မိန်းကလေးဟာ ခုဆိုရင်တော့ အသက် ၂၆ နှစ်တင်းတင်းတောင်ပြည့်ခဲ့ပြီဖြစ်ပါတယ် ။

သူမဟာဆိုရင် ခုချိန်မှာ ပရိတ်သတ်တွေလဲ အခိုင်အမာ ရရှိထားပြီဖြစ်ပြီး

သဘောကောင်းသူရယ်လို့ ပြောစမှတ်တွင်ရသူပါ ...

ဒီနေ့ ၃ လပိုင်း ၃၁ ရက်နေ့ဟာ အဆိုတော်အိမ့်ချစ်ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ် ။

အိမ့်ချစ်ကတော့စောစောစီးစီး အဖြူရောင်ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ ဘုရားသွားကုသိုလ်ပြုခဲ့တဲ့အပြင်

မွေးနေ့ အထိမ်းအမှတ် အလှူအဖြစ် ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရှိ သစ်တံခါးကျောင်းတိုက်တွင် ကြာဇံကြော် နှင့်

အချိုရည် စတုဒီသာ ကျွေးမွေးလှူဒါန်းသွားမယ်လို့ သိရှိရပါတယ်။

Source : Popular 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။