ဘောလုံးလောကမှာတော့အလွဲလွဲအမှားမှားတွေကအမြဲလိုလိုတွေ့ရတက်ပါတယ်။

ဘောလုံးပြိုင်ပွဲတိုင်းမှာအသင်းတိုင်းကအနိုင်ရဖို့ကြိုးစားကြတာကြောင့်ပွဲတိုင်းကပြိုင်ဆိုင်မှု

ပြင်းထန်တာဖြစ်ပါတယ်။မိမိအသင်းအနိုင်ရသွားခဲ့ရင်လည်းအလွန်အကြူးအောင်ပွဲခံကြတာကိုပရိသတ်တွေတွေ့မြင်ကြမှာပါ။

အလွန်အကြူးအားပေးမှုတွေကြောင့်ပရိသတ်တွေကြားမှာသာမက ကစားသမားတွေကြားမှာပါမကြာခဏဆိုသလိုပြဿနာတွေကြုံနေရတာဖြစ်ပါတယ်။

ကစားသမားတွေရဲ့ဆိုးရွားစွာအောင်ပွဲခံမှုတွေကြောင့်လည်းမကြာခဏဆိုသလိုပွဲပယ်ပြစ်ဒဏ်တွေပေးနေကြရတာပါ။

ခုမှာတော့ဂွာတီမာလာနိုင်ငံဒီပေါ်တီဗိုကာချာအသင်းရဲ့ကစားသမားလူဝီအကူနာရဲ့

အောင်ပွဲခံမှုကလူမှုကွန်ရက်မှာနာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။သူကတော့ပယ်နတီကို

ကန်သွင်းခဲ့ပြီးအောင်ပွဲခံရမှာဂိုးဘုတ်ပေါ်ကိုတက်ပြီးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။အဲ့အောင်ပွဲ

ခံမှုကြောင့်အဝါကဒ်ပြသခံရပြီးပရိသတ်တွေကလည်းသူ့ရဲ့အောင်ပွဲခံမှုကိုအံ့သြခဲ့ပါတယ်။

ပရိသတ်တွေအတွက်လည်းကြံကြံဖန်ဖန်အောင်ပွဲခံတဲ့သူ့ရဲ့ videoလေးကိုတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

SOURCE:ESPN FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။