ချစ်ပရိတ်သတ်ကြီးရေ...ပရိတ်သတ်တွေပေးတဲ့ လက်ခုပ်သံတွေနဲ့ အားပေးမှုတွေကိုတစ်ခဲနက်ရရှိထားတဲ့ တဲ့ မော်ဒယ်မလေးရွှေအိမ်စည်ကို မသိတဲ့သူမရှိပါဘူးနော်။ သူမဟာပြီးခဲ့တဲ့ နှစ်က ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်နော်။

သူမဟာ အမိုက်စား ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူလေးတစ်ယောက်လည်းဖြစ်ပြီးတော့ ဘာဝတ်ဝတ်အ၇မ်းလိုက်ဖက်တဲ့ သူလေးမို့လို့ အားလုံးက အချစ်ပိုနေခဲ့ရပါတယ်နော်။အနုပညာလောကမှာ ပရိတ်သတ်တွေပေးတဲ့နေရာလေးတစ်ခုကို ပိုင်ဆိုင်ထားရပြီး အခုနောက်ပိုင်းမှာ မော်ဒယ်လောကကနေပြီၤးတော့ သရုပ်ဆောင်လောကထဲကို တဖြည်းဖြည်းခြေချဝင်ရောက်လာနေခဲ့ပါတယ်နော်။

လတ်တလောမှာလည်းသူမဟာ Naked Ghostဆိုတဲ့ International Film ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေလျက်ရှိပါတယ်နော်။ သူမဟာ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာဆိုရင် အဓိကကျတဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီးတော့ ရွှေသောင်ယံမြို့ ရွှေသောင်ယံကမ်းခြေမှာ အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်နော်။ Horror ဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ ထွက်ရှိလာဖို့ပရိတ်သတ်တွေရင် ခုန်နေရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်နော်။ကဲ...ချစ်ပရိတ်သတ်ကြီးရေ ဒီရိုက်ကွင်းနောက်ကွယ်က အိမ်စည်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Source : Ae Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။