မြန်မာနိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ထက်ထက်မိုးဦးကတော့ အကယ်ဒမီဆုနှစ်ခုအထိ ရရှိခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီဆုရှင် ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ ထက်ထက်က ၁၉၉၆ ခုနှစ်မှာ "ပန်းသခင်" ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုတစ်ဆု၊ ၂၀၀၁ ခုနှစ်မှာ "သမီးမိုက်" ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုတစ်ဆုဖြင့် အကယ်ဒမီရွှေစင်ရုပ်တု နှစ်ခုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို ထပ်ဆင့်အကယ်ဒမီဆုရှင် တစ်ယောက်ဖြစ်လာဖို့ ထက်ထက်ကို ဘေးကနေ သင်ပြပြီး အထောက်အပံ့ပေးခဲ့သူကတော့ ဝါရင့်ရုပ်ရှင်သရုပ်ဆောင် လွင်မိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထက်ထက်က သူမကို အသေးစိတ်ကအစ ရှင်းပြသင်ကြားပေးထားတဲ့ လွင်မိုးနဲ့ ပတ်သတ်ပြီး ကျေးဇူးတင်စကားဆိုထားပါတယ်။ ထက်ထက်က " "ပန်းသခင်" ရိုက်တော့ ကို "မိုး" က နာကျည်းစိတ်အကြောင်း မွေးမြူနည်း ထုတ်ယူသုံးစွဲပုံတွေကို အသေးစိတ် ရှင်းပြတယ် သင်တယ် စိတ်သဘာဝ အဆင့်ဆင့် သရုပ်ခွဲပုံတွေပေါ့"သမီးမိုက်" လည်း ကို "မိုး" ကျေးဇူးမကင်းပါဘူး ရခဲ့တဲ့ရွှေစင်ကြယ်ရုပ် နှစ်ဆုလုံးမှာ ကို "မိုး" အထောက်ပံ့တွေ အများကြီးပါခဲ့တယ်" ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် " ရင်ထဲ အပူမီး ဘယ်လောက် လောင်မြိုက် လောင်မြိုက် ဝမ်းနည်း ကြေကွဲမှုတွေ ဘယ်လောက်ပဲ ခံစားနေရပါစေ နာကျည်းစိတ်ကိုမွေးထားပါ မပျောက်စေနဲ့ မဖျောက်နဲ့ ကားရိုက်တဲ့ခါ အဲ့စိတ်ကိုထည့်သုံးပါ ဇာတ်ရုပ်တိုင်း သဘာဝကျစေဖို့ မီးလျှံကြားက အမြဲ ပြုံးပြနိုင်ရမယ်လို့ ကို "မိုး" အမြဲသတိပေးတယ်" ဆိုပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ပီပီ ထက်ထက်ကို ဇာတ်ရုပ်အတွက် စနစ်တကျ သင်ပြပေးခဲ့ပုံကိုလည်း ပြန်လည်ပြောပြခဲ့ပါတယ်။ လွင်မိုးရဲ့ဆုံးမလမ်းညွှန်တဲ့ စကားတွေကြောင့် ထက်ထက်တစ်ယောက် အကယ်ဒမီဆုတွေ ရရှိတဲ့အထိ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် လွင်မိုးနဲ့ထက်ထက်တို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ တစ်ချိန်က လှုပ်ရှားမှုပုံရိပ်တွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Hmone Shwe Yi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။